၂၀၂၀ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်(လ်)ဆုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“နိုဘယ်(လ်)ငြိမ်းချမ်းရေးဆု”ကြေညာချက်
နိုင်ငံတကာစည်းလုံးညီညွတ်မှုနဲ့ဘက်ပေါင်းစုံ
ပူးပေါင်းဆောက်ရွက်မှုအတွက်လိုအပ်ချက်ဟာ အရင်ကထက်ပိုပြီးသိသာထက်ရှားလာပါတယ်။

နော်ဝေးနိုင်ငံ နိုဘယ်(လ်)ဆုရွေးချယ်ရေး
ကော်မတီက ၂၀၂၀ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်(လ်)ဆုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကိုချီးမြှင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဆာလောင်ငတ်မွတ်မှုကို တိုက်ဖျက်ဖို့ကြိုးပမ်းဆောင်ရွက်နေတာတွေ၊ပဋိပက္ခဖြစ်ပွါးနေတဲ့အရပ်ဒေသတွေမှာငြိမ်းချမ်းရေးအတွက်ကူညီထောက်ပံ့နေတာတွေ၊စစ်ပွဲနဲ့ပဋိပက္ခတွေရဲ့လက်နက်တခုအဖြစ်
ငတ်မွတ်မှုကို အသုံးချနေကြတာကို တားဆီးကာကွယ်ဖို့အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်နေတာတွေအတွက်(WFP)ကိုငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။.

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာငတ်မွတ်မှုတွေကိုကိုင်တွယ်ဖြေရှင်းပေးနေပြီး၊စားနပ်ရိက္ခာဖူလုံမှုတိုးမြင့်လာအောင် ဆောင်ရွက်ပေးနေတဲ့ လူသားအကျိုးပြု အကြီးဆုံးအဖွဲ့အစည်းကြီးတခုဖြစ်ပါတယ်။
၂၀၁၉ခုနှစ်မှာWFP က စားနပ်ရိက္ခာ
မဖူလုံပဲ အငတ်ဘေးဆိုက်နေတဲ့ တိုင်းပြည်
၈၈ခုကလူပေါင်း လူပေါင်းသန်း၁၀၀နီးပါးကို
ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
၂၀၁၅ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှု အမြစ်
ဖြတ်တိုက်ဖျက်ခြင်းကို ကမ္ဘာ့ကုလသမဂ္ဂရဲ့
ရေရှည်တည်တံ့အောင်ဆောင်ရွက်နေတဲ့
ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေထဲကတခု
အဖြစ် ခံယူသတ်မှတ်ထားပါတယ်။WFP အဖွဲ့အစည်းဟာ ဒီရည်မှန်းချက်အကောင်အထည်ပေါ်ဖို့ အဓိကဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။မကြာသေးခင်နှစ်များက အန္တရယ်ရှိတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။

၂၀၁၉ခုနှစ်မှာ လူပေါင်း၁၃၅သန်းဟာ ငတ်မွတ် ခေါင်းပါးမှုခံစားနေရပြီး၊နှစ်ပေါင်း
များစွာအတွင်းမှာအရေအတွက်အများဆုံး
ဖြစ်ပါတယ်။တိုးပွါးလာတဲ့ငတ်မွတ်ခေါင်းပါးမှု
တွေအများဆုံးဟာ စစ်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်(စ်) ကပ်ရောဂါကလည်း
ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးသူအရေအတွက်ကို တရှိန်ထိုး တိုးမြင့်လာစေခဲ့ပါတယ်။
ယီမင်၊ဒီမိုကရက်တစ် ရီပတ်ဘလစ်ကွန်ဂို
နိုင်ငံ၊နိုင်ဂျီးရီးယား၊တောင်ဆူဒန်နဲ့ ဘာကီနာဖာဆို တို့ လိုမျိုးတိုင်းပြည်တွေမှာ
ပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ကပ်ရောဂါဒါဏ်ကို
ပေါင်းစပ်ခံစားနေရလို့ လူပေါင်းများစွာ
ငတ်မွတ်တော့မဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ကပ်ရောဂါကိုရင်ဆိုင်ရာမှာ ‘ကမ္ဘာ့
စားနပ်ရိက္ခာအစီအစဉ်’အဖွဲ့ဟာ အပြင်းအထန်
ကြိုးပမ်းဆောင်ရွက်ပြီး အထင်ကြီးလောက်စရာအရည်အချင်းကိုပြသနိုင်ခဲ့ပါတယ်။အဖွဲ့အစည်းကိုယ်တိုင်ကဖော်ပြခဲ့တာကတော့ “ကပ်ရောဂါအတွက်
ကာကွယ်ဆေးကိုမရရှိနိုင်သေးခင်မှာ စားနပ်ရိက္ခာဟာ ကျွန်တော်တို့အတွက် ပရမ်းပတာ ဖြစ်မှုတွေကို တွန်းလှန်ပေးနိုင်တဲ့အကောင်းဆုံး ကာကွယ်ဆေးဖြစ်တယ်”လို့ပဲ
ဖြစ်ပါတယ်။ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်
(WFP)အဖွဲ့နဲ့အခြား အစားအစာ ကူညီထောက်ပံ့ရေးအဖွဲ့တွေဟာ သူတို့တောင်းခံထားတဲ့ ငွေကြေးအကူအညီသာမရခဲ့ရင် မယုံကြည်နိုင်စရာကောင်းတဲ့အချိုးအစားနဲ့ ငတ်မွတ်မှုကို ကမ္ဘာကြီးကကြုံတွေ့ရတော့မယ့်
အန္တရယ် ရှိနေပါတယ်။

ငတ်မွတ်မှု နဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ
ကြောက်စရာကောင်းလောက်အောင်ပတ်သက်ဆက်နွယ်နေပါတယ်။စစ်ပွဲနဲ့ပဋိပက္ခတွေဟာ
အစာရေစာရှားပါးမှု နဲ့ ငတ်မွတ်မှုတွေကိုဖြစ်ပေါ်လာစေနိုင်သလို၊အစာရေစာရှားပါးမှု နဲ့ ငတ်မွတ်မှုတွေဟာလည်း မီးခဲပြာဖုံးဖြစ်နေတဲ့
ပဋိပက္ခမီးတွေကိုပြန်လည်တောက်လောင်လာစေပြီး၊ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်လာစေ
နိုင်ပါတယ်။စစ်ပွဲတွေ၊လက်နက်ကိုင်ပဋိပက္ခ
တွေကို ကျွန်တော်တို့အဆုံးမသတ်နိုင်ခဲ့ရင်
အစာရေစာငတ်မွတ်မှု လုံးဝအဆုံးသတ်သွားခြင်းဆိုတဲ့ပန်းတိုင်ကိုကျွန်တော်တို့ ဘယ်လိုမှ ရောက်ရှိနိုင်မယ်
မဟုတ်ပါဘူး။စားနပ်ရိက္ခာဖူလုံမှုတိုးမြင့်လာအောင်ထောက်ပံ့ပေးခြင်းဟာ အငတ်ဘေးကိုတားဆီးပေးနိုင်ရုံသာမက၊တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး အခွင့်အလမ်းတွေ
တိုးတက်လာအောင်လည်းပဲအကူအညီပေးပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ဟာ
တောင်အမေရိက၊အာဖရိကနဲ့အာရှတိုက်တို့မှာဆောင်ရွက်နေတဲ့ ရှေ့ဆောင်စီမံကိန်းတွေမှာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေနဲ့အတူ လူသား
အကျိုးပြုလုပ်ငန်းတွေကို ဦးဆောင်ပြီးတော့
ဆောင်ရွက်နေပါတယ်။ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီက တညီတညွတ်ထည်းချမှတ်လိုက်တဲ့
ဆုံးဖြတ်ချက်အမှတ်၂၄၁၇ မှာ ၂၀၁၈ခုနစ်မေလ မှာအဆုံးသတ်နိုင်ခဲ့တဲ့သံတမန်ရေးဆိုင်ရာ
လုပ်ငန်းစဉ်တွေမှာ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်(WFP)အဖွဲ့ဟာ
တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့အဖွဲ့အစည်း
တခုဖြစ်ပါတယ်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အစာရေစာငတ်မွတ်မှုနဲ့ပဋိပက္ခတွေကြားကဆက်နွယ်မှုကို ပဌမဆုံး အကြိမ် အဖြစ်
မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံတွေဟာ
စားနပ် ရိက္ခာလိုအပ်နေတဲ့တိုင်းပြည်တွေကို
အသေအခြာကူညီထောက်ပံ့ပေးဖို့တာဝန်ရှိကြောင်း မီးမောင်းထိုးပြောဆိုခဲ့ပါတယ်။
ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲရဲ့နည်းလမ်းတရပ်အနေနဲ့ အသုံးပြုမှုကိုလည်းရှုံ့ချပြောဆိုခဲ့ပါတယ်။
ဒီနှစ်ဆုချီးမြှင့်မှုနဲ့အတူ နိုဘယ်(လ်)ဆုရွေးချယ်ရေးကော်မတီက ကမ္ဘာ့ပြည်သူတွေဟာ သန်းပေါင်းများစွာသောအငတ်ဘေးခံစားနေရတဲ့သူတွေ (ဒါမှမဟုတ်) အငတ်ဘေးအန္တရယ်ကိုရင်ဆိုင်နေရတဲ့သူတွေကို တွေ့မြင်နိုင်စေဖို့ ဆန္ဒပြုဆုတောင်းပါတယ်။
WFP အဖွဲ့ဟာ စားနပ်ရိက္ခာဖူလုံစေမှုကို ငြိမ်းချမ်းရေးအထောက်အကူပြု ကိရိယာအဖြစ်ဆောင်ရွက်ရာမှာ အဓိကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်
ဆောင်ရွက်ခဲ့ပါတယ်။ဒါ့အပြင် ကုလသမဂ္ဂ
အဖွဲ့ဝင်နိုင်ငံတွေ ကို ငတ်မွတ်မှုကိုစစ်ပွဲနဲ့
ပဋိပက္ခတွေရဲ့လက်နက်အဖြစ်အသုံးချနေကြတာကိုတိုက်ဖျက်ဖို့အတွက် စည်းရုံးဆော်သြ
ပေးခဲ့ပါတယ်

အဲလ်ဖရက်(ဒ်) နိုဘယ်(လ်)ရဲ့ သေတမ်းစာမှာရည်ညွှန်းထားတဲ့ နိုင်ငံတွေရဲ့လူမှုရေးသဟာယစိတ်ဓာတ်တိုးတက်လာစေဖို့ဒီအဖွဲ့ကြီးကနေ့စဉ် အထောက်အကူပေးနေပါတယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့ အကြီးဆုံးအထူးအဖွဲ့အစည်းတခုအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် ဟာငြိမ်းချမ်းရေးညီလာခံတွေရဲ့ ခေတ်သစ်အမြင်
တရပ်ဖြစ်ပြီး ၊ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုက
အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပါတယ်။

လူသားထုကကျိုးစီးပွါးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့လုပ်ဆောင်ချက်ဟာကမ္ဘာ့နိုင်ငံအားလုံးကနေဝိုင်းဝန်း ကူညီထောက်ပံ့ပေးသင့်တဲ့ ကြိုးပမ်းချက်တရပ်ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •