၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဩဂုတ်လ (၉)ရက်တွင် ကြေညာမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဩဂုတ်လ (၉)ရက်တွင် ကြေညာမည်

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကိုဗစ်-၁၉ ဖြစ်ပေါ်နေသည့်ကာလဖြစ်သည့်အတွက် ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံးဝ(လုံးဝ)ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန၏ Website များတွင် ကြည့်ရှုနိုင်ရန် (၉-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၀:၃၀)နာရီမှစတင်၍ အသိပေးထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းကြည့်ရှုနိုင်ရန်အတွက် သတင်းစာများ၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တို့မှတစ်ဆင့် အသိပေးထုတ်ပြန်မည့် အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများသို့ အီးမေးလ်ဖြင့် ပေးပို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင် လူအုပ်စုမဖြစ်ပေါ်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား စီတန်းရေး သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းစီမံဆောင်ရွက်ရန်လည်း ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက လမ်းညွှန်ထား ပါတယ်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •