၂၀၂၀ ပြည့်နှစ်မကုန်မီ ချွတ်ပြင်နှင့်မောင်နုရွာဖြစ်စဉ်များအား စစ်တရားရုံးဖြင့် စတင်စစ်ဆေးနိုင်တော့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ပြည့်နှစ်၊ နှစ်မကုန်မီ ချွတ်ပြင်နှင့်မောင်နုရွာဖြစ်စဉ်များအား စစ်တရားရုံးဖြင့် စတင်စစ်ဆေးနိုင်တော့မည်

သတင်းထုတ်ပြန်ချက်
============
နေပြည်တော်၊ စက်တင်ဘာ ၁၄

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ချွတ်ပြင်နှင့်မောင်နုရွာဖြစ်စဉ်များအား စုံစမ်းစစ်ဆေးရန်အတွက် ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကိုဖွဲ့စည်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီးဖြစ်သည်။

ထိုစုံစမ်းစစ်ဆေးမှု၏ ဆက်လက်ဆောင်ရွက်မှု အတိုင်းအတာနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်မကုန်မီတွင် အမှုဖြစ်စဉ်ကိုစစ်တရားရုံးဖြင့် စတင်စစ်ဆေးဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် မောင်နုရွာဖြစ်စဉ်၏ စုံစမ်းမှုတွင် စွပ်စွဲဖော်ပြနေကြသည့် တောင်ဘဇာရွာ ဖြစ်စဉ်လည်း ပါဝင်ပြီးဖြစ်သည်။

ထို့အပြင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ အပြီးသတ် အစီရင်ခံစာနှင့်နောက်ဆက်တွဲများ၊ အခြားသောသတင်းအချက်အလက်များအပေါ် စစ်ဥပဒေချုပ်ရုံး၏ စိစစ်သုံးသပ်ခဲ့မှုအရ ၂၀၁၆-၂၀၁၇ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်နိုင်ဖွယ်ရှိသောချိုးဖောက်မှုများ၏ ကျယ်ပြန့်သည့်အသွင်သဏ္ဍာန်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

မောင်တောနယ်မြေရှိကျေးရွာများတွင် ဖြစ်ပွားခဲ့သည်ဟူသော စွပ်စွဲချက်များသည် ကျယ်ပြန့်စွာပြုလုပ်လျက်ရှိသည့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
http://dsinfo.org/node/410


Spread the love
  •  
  •  
  •  
  •  
  •  
  •