၂၀၂၀ ပြည့်နှစ်အတွင်း မန္တလေးခရိုင်၌ မီးလောင်မူ (၁၀၆)ကြိမ်ဖြစ်ပွါးခဲ့ပြီး၊ သေဆုံးသူ (၉)ဦး ရှိခဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ပြည့်နှစ်အတွင်း မန္တလေးခရိုင်၌ မီးလောင်မူ (၁၀၆)ကြိမ်ဖြစ်ပွါးခဲ့ပြီး၊ သေဆုံးသူ (၉)ဦး ရှိခဲ့

မန္တလေးခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှု (၁၀၆)ကြိမ် ဖြစ်ပွားခဲ့ပြီး လူ (၉) ဦး သေဆုံး၍ မီးလောင်မူကြောင့် ဆုံးရှုံးမူတန်ဖိုး စုစုပေါင်းကျပ် (၁၁၃၉ . ၆၉၂)သန်း ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်

မီးလောင်မူဖြစ်ပွားရာတွင် ပေါ့ဆမှုကြောင့် မီးလောင်မူ (၅၇ )ကြိမ်၊ လျှပ်စစ်ကြောင့် (၃၃)ကြိမ်၊ မီးဖိုမီးကြောင့် (၂)ကြိမ်၊ အလိုအလျောက်မီး (၆)ကြိမ် ၊ ရှို့မီး (၈)ကြိမ် ရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Sky walk ရတနာပုံဈေး မီးလောင်မူတွင် Level အများဆုံးဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး အောက်တိုဘာလအတွင်း ချမ်းအေးသာစံမြို့နယ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် မီးလောင်မူဖြစ်ပွားရာ မီးခိုးမွန်၍ သေဆုံးသူ (၅)ဦးရှိခဲ့သည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •