၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ လုံးဝမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ လုံးဝမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြော

COVID-19 ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ လုံးဝမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်က စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။

“ရွေးကောက်ပွဲ ကျင်းပဖို့ အစီအမံတွေ အတော်များများကို လုပ်ပြီးသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဖို့မရှိပါဘူး။” ဦးမြင့်နိုင်က ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကိုဗစ်ကာလ စည်ကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •