၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်ညီသည့် သရုပ်ပြမဲရုံ ခင်းကျင်းပြသ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲဆန္ဒရှင်ပြည်သူများ မဲရုံတွင် မဲစာရင်းကြည့်ရှု ခြင်း၊ မဲပေးခြင်းများဆောင်ရွက်စဉ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းနှင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ဆန္ဒမဲပေးခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းကို ဇွန် ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။

အဆိုပါ သရုပ်ပြပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် International Foundation for Electoral Systems (IFES) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (ရွေးကောက်ပွဲဆိုင်ရာ) က သရုပ်ပြမဲရုံဆောင်ရွက်ရခြင်းကို ရှင်းလင်းတင်ပြပြီး ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲပေးခြင်းလုပ်ငန်းစဉ်များကို ကော်မရှင်ရုံးမှဝန်ထမ်းများက သရုပ်ပြဆောင်ရွက် ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •