၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းများ စတင်ကြေညာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲအတွက် မဲစာရင်းများ စတင်ကြေညာ

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရမယ့် မဲဆန္ဒရှင်စာရင်းတွေကို ဒီကနေ. ဇူလိုင်၂၅ရက်နေ့ကနေ ဩဂုတ်လ ၇ရက်နေ့အထိ ၁၄ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲအဖွဲ့ခွဲရုံးတွေမှာ ကပ်ထားကြေညာထားမှာဖြစ် ပါတယ်။

ပြည်သူတွေအနေနဲ့ မဲစာရင်းလာရောက်ကြည့်ရှုပြီး မဲစာရင်းမှာ အမည်စာရင်း မပါဝင်ပါက ပုံစံ(၃)နဲ့ တောင်းဆိုတာ၊ မပါဝင်သင့်သူတွေပါဝင်နေပါက ပုံစံ(၄)နဲ့ ကန့်ကွက်တာ၊ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေပါက ပုံစံ(၄-ဂ)နဲ့ ပြင်ဆင်လွှာ တင်သွင်းတာတွေကို ဆောင်ရွက်နိုင်တယ်လို့ ကော်မရှင်က ပြောပါတယ်။

လိုအပ်တဲ့ ပုံစံတွေကို ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ အခမဲ့ရယူနိုင်ပါတယ်။

မဲစာရင်းမှာပါဝင်မှသာ မဲပေးခွင့်ရမှာဖြစ်ပြီး ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းဖြစ်ဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲစာရင်းလာကြည့်ဖို့ကိုလည်း ကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ပထမဆုံးမဲပေးခွင့်ရမယ့် လူငယ်ဦးရေ ငါးသန်းနီးပါးရှိပြီး မဲပေးနိုင်မယ့် မဲဆန္ဒရှင် စုစုပေါင်း ၃၇သန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။

Photo – Myo Tha Htet


Spread the love
  •  
  •  
  •  
  •  
  •  
  •