၂၀၂၀ အတွက် ရင်ခုန်ဖွယ်ရာ ရခိုင်အမျိုးသမီး နှစ်ဦး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ အတွက် ရင်ခုန်ဖွယ်ရာ ရခိုင်အမျိုးသမီး နှစ်ဦး

.
ဒေါက်တာ တင်မာအောင်
..
ဒေါက်တာ တင်မာအောင်က
တောင်ကုတ်က နေဝင်ပြိုင်မယ်။ ALD ရဲ့ အမတ် အဖြစ် ဝင်ပြိုင်မယ်။
.
သူ့ ပြိုင်ဘက်က NLD က
ဝန်ကြီးဟောင်း ဦးမင်းအောင်တဲ့
.
ဒေါက်တာ တင်မာအောင် က ပညာတတ် ရခိုင်အမျိုးသမီး တစ်ယောက် ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့
ကိုယ်ရေးအရာ ရှိ အဖြစ် အချိန်ကြာကြာ တာဝန်ယူခဲ့ဖူးတယ်။
၂၀၁၅ ရွေးကောက်ပွဲ အလွန် ကာလ မှာ..​ေတာ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာ ရှိ အဖြစ်က အနားယူပြီး…..
ရခိုင် လူမှုရေး လုပ်ငန်းတွေကို လုပ်တယ်။
.
သူတစိုက်မတ်မတ် လုပ်နေတာကတော့ ရခိုင်ပြည်နယ် ရှေးဟောင်း အမွေ အနှစ်များ ထိမ်းသိမ်းရေး နဲ့ ပတ်သက်ပြီး မြောက်ဦးကို ဗဟိုပြုပြီး လုပ်နေတယ်။
ကမ္ဘာ့ အမွေ အနှစ်စရင်းဝင်ဖို့….ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း အ နေနဲ့ လုပ်ဆောင်နေတယ်။
.
ခေတ်နဲ့ လျော်ညီတဲ့ အတွေး အခေါ် အမျှော်အမြင်ရှိတယ်။
နိုင်ငံတကာ နဲ့ ယှဥ်နိုင်တဲ့ ပညာတတ် ရခိုင်အမျိုးသမီး ဖြစ်တယ်။
.
ဒေါ်ထုမေ
ဒေါ်ထုမေ ကိုတော့… ပြည်သူ့ လွှတ်တော် နဲ့ ​ပြည်နယ် အစိုးရ အဖွဲ့ ထဲ မှာ မျှော်လင့်ခဲ့ပေမယ့်။
.
ဒေါ်ထုမေ က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး အ​ဖြစ် ဝင်ပြိုင်မယ် လို့ ကြေညာထားတယ်။
.
သူ့ပြိုင်ဘက်က ရခိုင်လူမှုကွန်ယက် အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထူးအောင်။
.
ဒေါ်ထုမေကတော့ ၂၀၁၅-၂၀၂၀ လွှတ်တော် သက်တမ်းမှာ အမျိုးသား လွှတ်တော်က နေ… ရခိုင်ဒေသ အတွက်..
လွှတ်တော် ကိုယ်စားလှယ် တာဝန် ကျေပွန်ခဲ့တယ်။
ALD နဲ့ RNDP ပြန်အကွဲအပြဲ မှာ တစ်သီးပုဂ္ဂလ အဖြစ်ပဲ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ပါတီမရှိတော့ စိတ်ပူရပေမယ့်… သူ့ ကိုယ်သူ ယုံကြည်ပုံရတယ်။
.
ဒီနေရာမှာ အမျိုးသမီးတွေ ကို နေရာပေးပါတွေ..ဘာတွေ ပြောမနေ တော့ဘူး..
သူတို့ကနေရာ ရှိပြီးသား အမျိုးသမီး တွေ သာ ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •