(၂၀၂၀) အထွေထွေရွေးကောက်ပွဲ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင် နှင့် မိမိတို့နိုင်ငံသားများ၏ ဆန္ဒ၊ တာဝန်များ…

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တပ်မတော်ဆိုတာက လက်ရှိ အရှိကိုသာလျှင် အဆင့်သတ်မှတ်ချက်အလိုက် နာခံ လိုက်နာတာဖြစ်ပါတယ်၊

တာဝန်ချိန်ပြီးဆုံးလို့ တပ်၏ အပြင်ဘက်ကိုရောက်သွားရင် လူမူရေးသာသာ လောက်ဘဲ ထားပါတယ်။

ဦးသန်းရွေသည် အာဏာသိမ်း…..
စစ်ခေါင်းဆောင်ဖြစ်တဲ့အပြင် နိုင်ငံတော်ကို အုပ်ချုပ်သည့် တပ်မတော်အစိုးရ ခေါင်းဆောင်တာဝန်ပါ ပူးတွဲ ထမ်းဆောင်ခဲ့လို့ ငွေကြေး ဘြဇာ အာဏာ အားလုံး ကြီးခဲ့ကာ…..

ဗိုလ်ချုပ်မင်းအောင်လိူင်အားတပ်ချုပ်နေရာကို ဖန်တီး တာဝန်ပေးခဲ့နိုင်တာ ဖြစ်ပါတယ်၊

ဒါကြောင့်လည်း ယခုတပ်ချုပ်တာဝန်ထမ်းဆောင်မူက သက်တန်းလွန်ဖြစ်နေပြီး ဝန်ထမ်းဥပဒေ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပြင်ကိုရောက်နေ နိုင်လို့ ရတာပါ။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များခန့်အပ်တာဝန်ပေးခြင်း…..

နိုင်ငံတော်သမ္မတသည်…
ပုဒ္မ(၁၆/က)… ပုဒ်မ…..
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏အဆိုပြု ထောက်ခံဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။
လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၄၂) မှာလည်းဤကဲ့သို့ ဖွင့်ဆိုပြဌာန်းထားပါတယ်။

(၂၀၁၀)ရွေးကောက်ပွဲသည် တပ်မတော် မှ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ပြုလုပ်
ကျင်းပ ကျော်ဖြတ်ပြီး…..

အချို့ ကို ရွေးချယ်ခံအစိုးရ…..
အဖြေင့်အသွင်ပြောင်းစေလိုက်တာဖြစ်ပါတယ်။

အကယ်၍ (၂၀၁၅) မှာ ပြည်ခိုင်ဖြိုးက ထပ်နိုင်လိုက်ပါက…..
သေချာပါတယ် တပ်ချုပ်ကို အသက်(၆၀) ပြည့်တာနဲ့ ပင်စင်ပေးပြီး အသစ်တစ်ယောက်ထပ်မံ ခန့်အပ်တာဝန်ပေးမှာသာဖြစ်ပါတယ်၊

သို့ပေမယ်လို့ (၂၀၁၅) မှာ NLD က
အစိုးရဖွဲ့နိုင်သည့် အခြေအနေအဖြစ်…..
မဲ နိုင်င်ခဲ့ပါသောကြောင့်…..

တပ်မတော်မှာ တပ်ချုပ်တာဝန်ကို (၅) နှစ်
အပြည့်တာဝန်ထမ်းဆောင်ထားမူကြောင့်
လက်ရှိတပ်မတော်အပေါ် အာဏာ သက်ရောက်ပြီးသား…..
ဗိုလ်ချုပ်မှူးကြီး မင်အောင်လိူင်ကို ဆက်လက်တာဝန်ထမ်းဆောင်စေတာဖြစ်နိုင်သလို…..

NLD အစိုးရကလည်း တပ်ချုပ် အသစ်ဆိုရင် ဆက်ဆံရေးကို အခက်အခဲဖြစ်နိုင်လောက်တယ်လို့ ယူဆကောင်းယူဆပါလိမ့်မယ်။

သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး၏ ထိုစဉ်က
အပြောအဆို အနေအထားအရ ညှိလို့ရနိုင်မယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။

 

သို့ပေမယ်လို့ NLD အစိုးရနဲ့တပ်ချုပ်၏ ညှိနိူင်းမူ အဆင်ပြေသယောင်ရှိလာသော်လည်း တပ်မှူးများမှ အတွင်းကြိတ် ပူညံမူများဖြစ်ခဲ့သည်ဟု ပြောဆိုမူများကိုလည်း အမျိုးမျိုး ကြားကြခဲ့ရပါတယ်။

သို့ကြောင့် လက်ရှိ တပ်ချုပ်က တာဝန်ကို ယခုအချိန်အထိ ဆက်ပြီးထမ်းဆောင်နိုင်
တာဖြစ်တယ်လို့ ယူဆပါတယ်။

သို့ပေမဲ့ ယခုအခါမှာ…
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်ထမ်းဆောင်မူ သက်တန်းက နိုင်ငံတစ်ကာ၏ အမြင်မှာ လုံးဝကြည့် မကောင်းနိုင်လောက်သည့် သက်တမ်းလွန် တာဝန်ထမ်းဆောင်မူဖြစ်နေပါတယ် ဆိုသည်ကို တာဝန်ရှိသူများနဲ့…..
တာဝန်ယူထားသူများက ယူဆ မိကြဟန်ရှိနေတယ်လို့ မြင်ပါတယ်။

ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအား ပြောင်းလဲ တာဝန်ပေးဘို့လုပ်ဆောင်နေကြတာကို ကြားနေရပါတယ်။

ယခင် ဦးနေဝင်းက သတ်မှတ်ခဲ့တာက…..
ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို (၅) နှစ်သာ ထမ်းဆောင်စေပါတယ်။
သဘောက ကာကွယ်ရေးဦးစီးချုပ်သည် သက်တန်း(၅၅) နှစ်ဖြစ်ပြီး၊
ဒုတိယ ကာကွယ်ရေးဦးစီးချုပ်က (၅၃) နှစ်ရယ်လို့ သတ်မှတ်ခဲ့တာကို တွေ့ရပါတယ်။

အကယ်၍ ထိုအတိုင်းဆိုပါက (၂၀၁၆) မှာ ကာကွယ်ရေးဦးစီးချုပ်က DSA အပတ်စဉ် (၂၅/၂၆) တွေဖြစ်လာနိုင်ပါတယ်။

အဲဒီတုန်းက ၎င်းအပတ်စဉ်များမှသူများလည်း မှန်းကောင်းမှန်းနိုင် ကြပါလိမ့်မယ်။
ဒါပေမဲ့ ဖြစ်မလာခဲ့ကြပါဘူး။

ယခုအချိန် အခြေအနေမှာက ကာကွယ်ရေးဦးစီးချုပ်နေရာကို မှန်းနိုင်တာက
အပတ်စဉ် (၂၈/၂၉/၃၀) လောက်သူတွေက မှန်းနိုင်လောက်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ အပတ်စဉ် (၂၅) ကလောက်နေ (၂၆/၂၇)အထိက…
အသက် (၅၇/ ၅၈/၅၉)တွေဖြစ်နေကြပါပြီ။

ဒါတွေကလည်း အကယ်၍ (၂၀၂၀) ရွေးကောက်ပွဲမတိုင်ခင် ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ပြောင်းလဲတာဝန်ပေးမယ်ဆိုရင်လို့ယူဆရသလို…..

အကယ်၍ (၂၀၂၀) ရွေးကောက်ပွဲပြီးမှ…..
ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုခန့်အပ်တာဝန်ပေးမည်ဆိုပါက….

အစိုးရဖွဲ့နိုင်မည့် ပါတီကိုကြည့်ပြီး မှာသာ…
ကာကွယ်ရေးဦးစီးချုပ်တာဝန်ပေးမည်ဆိုလျှင်…..

NLD ကအစိုးရဖွဲ့နိုင်သည့်အတိုင်းအတာကျော် နိုင်ပါက အပတ်စဉ် (၂၅/၂၆/၂၇/၂၈/၂၉)တွေမှ ဖြစ်လာနိုင်သလို
အပတ်စဉ် (၃၀/၃၁/၃၂) မှလည်းဖြစ်လာနိုင်ပါလိမ့်မယ်။

ယခုအခါမှာ တပ်မတော်သတင်းပြန်ကြားရေးအဖွ့မှ ပြောကြားမူများကို လူအများမှန်းဆ နေကြသည်မှာ…..
ကာကွယ်ရေးဦးစီးချုပ်…
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်သည် တာဝန်မှအနားယူပြီးပါက နိုင်ငံရေးစင်မြင့်ပေါ် တွင်
သမ္မတ သို့မဟုတ် ဒုတိယသမ္မတ (တပ်မတော်အစုအဖွဲ့မှ အဆိုပြုခံရသူ)…..
အဖြစ် တက်လာနိုင်သည်ဟု ပြောဆို ဝေဘန် သုံးသပ်နေကြတာကို တွေ့နေရပါတယ်။
ထိုသည်ကလည်း နည်းလမ်းနှစ်ခုရှိနိုင်ပါတယ်။
တပ်ချုပ်မှ ရွေးကောက်ပွဲမတိုင်ခင် အနားယူခြင်း၊ အစိုးရဖွဲ့ခါနီးမှ အနားယူကာ တပ်ချုပ်အသစ်ကို ပြောင်းလဲခန့်အပ်ခြင်း။
အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲကျင်းပမူ ကို နောက်သို့ရွေ့လိုက်ပါက လည်း…..

သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့သည်…..
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ (၆၁(က)(ခ)နှင့် ပုဒ်မ (၂၀၀/၂၄၈(ခ)/၂၃၅(က)/၂၄၀(က)/၂၆၂(ဍ) )….
အရ အစိုးရအဖွဲ့သည် နောက်အစိုးရအသစ် မဖွဲ့ခင်အထိ ရှိနေရမှာဖြစ်ပါတယ်။

ပုဒ်မ(၆၁/က)…နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည်ငါးနှစ်ဖြစ်သည်။
(ခ) ယင်းရာထူးသက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ်ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ
နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများသည်မိမိတို့၏လုပ်ငန်းတာဝန်များကိုဆက်လက်ထမ်းဆောင်ရမည်။
ပြည်ထောင်စုဝန်င်္ကြးနှင့်ဒုတိယဝန်ကြီးများ၊ တိုင်းဒေသသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားပါတယ်။

လွှတ်တော်ဥက္ကနှင့်ဒုတိယဥက္ကဌများ၏သက်တမ်းသည် နောက်တစ်ကြိမ်လွှတ်တော်သက်တမ်းပထမအစည်းအဝေးမကျင်းပမီ အချိန်အထိ ဥက္ကဌနှင့်
ဒုတိယ ဥက္ကဌ တာဝန်ကိုထမ်းတောင်ရမည်၊
ဟူ၍ ပုဒ်မ(၁၁၃(က)/၁၄၅/ ၁၆၅) မှာ ပြဌာန်းထားပါတယ်။

အကယ်နောက်တစ်ကြိမ်လွှတ်တော်သက်တမ်းစတင်ကျင်းပနေစဉ် လွှတ်တော်ဥက္ကဌ၊ဒုတိယဥက္ကဌ အသစ်ခန့်ခန့်အပ်မူ၊ မခန့်အပ်ခင်စပ် ကြားမှာလည်း ကာလုံ၏
အဆိုပြုထောက်ခံချက်ကို ဆောင်ရွက်လျှင်လည်းရပါတယ်။

အထက်ပါဥပဒေများအရ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို အချိန်မရွေး…..
တပ်မတော်ဘက်က ပြောင်းလဲ ခန့်အပ်တာဝန်ပေးနိုင်ခွင့်များသည် အခြေခံဥပဒေအရ
ရှိနေပါတယ်ဆိုသည်ကို ဆိုလိုရင်းဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတက သဘောတူလက်ခံပေးရယုံသာ ရှိနေပါတယ်။(သတိချပ်စရာပါ)။

သို့ပါသောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တာဝန်မှ အနားယူပြီးသည့်အခါတွင် နိုင်ငံရေးစင်မြင့်ပေါ်ကို တပ်မတော်အစုအဖွဲကအဆိုပြုသည့်
ဒုတိယသမ္မတ(ပြည်ထောင်စုလွှတ်တော်၏ မဲပေးအရေအတွက်အရ သမ္မတ ဖြစ်လာနိုင်ခြင်း )…..

စင်ပေါ် ရာက်လာနိုင်ခြင်း၊ မရောက်လာနိုင်ခြင်းတို့သည် နောက်အသစ်ဖြစ်လာမည့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှာသာ လုပ်ပိုင်ခွင့်ရှိနေမှာသာဖြစ်ပါတယ်င်္။

သို့ဖြစ်ပါ၍ မိမိတို့သည် လက်ရှိတပ်ချုပ်က နိုင်ံရေးစင်မြင့်ပေါ်သို့ ရောက်လာနိုင်ခြင်း၊
မရောက်လာနိုင်ခြင်းအား အချိန်ပေး မစဉ်းစားကြပါဘဲ ရွေးချယ်ခံအစိုးရအားကောင်းဘို့နှင့် အနိုင်ရ ဒီမိုကရက် နိုင်ငံရေးပါတီမှသာ
သမ္မတဖြစ်လာစေရန် ကိုသာ အားပေး ထောက်ခံ မဲများပေးနိုင်စေဘို့ ယခုအချိန်ကထဲက ကြိုတင်ဆုံးဖြတ်ထားကြကာ (၂၀၂၀)….. အထွေထွေရွေးကောက်ပွဲကို ယခင်ပြီးခဲ့သည် နှစ်ကြိမ် (လ/ ရက်) အတိုင်းကျင်းပသည်ဖြစ်စေ၊ နောက်ဆုတ် ကျင်းပသည်ဘဲ…
ဖြစ်စေ (၂၀၁၅) တွင် ဆန္ဒမဲများပေးကြခဲ့သည့်အတိုင်း…..
အရပ်သားအစိုးရဖွဲ့နိုင်သည့် အင်အားများရှိနေသည့် နိုင်ငံရေးပါတီ ကိုသာ ထောက်ခံဆန္ဒမဲများပေးနိုင်ကြပါရန်…..
………. နှင့်……….

မိမိတို့ နိုင်ငံ၌ ဆန္ဒမဲပေးနိုင်ခွင့်ရှိကြသူ…..
(၃၇) သန်းကျော် အားလုံးမှ ဆန္ဒမဲများကို သက်ဆိုင်ရာဒေသများတွင်မဲပေးကြပါရန် ယခု အချိန်ကထဲက စည်းရုံး လှူံ့ဆော်ကြ
ပါစေကြောင်း နိုင်ငံသားအားလုံးကို…..
တိုက်တွန်း နိူးဆော် လိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး
………. (4.6.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •