၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်သည့်ပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် စစ်တွေသို့ကူညီပို့ဆောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်သည့်ပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် စစ်တွေမြို့သို့ကူညီပို့ဆောင်
===============
နေပြည်တော်၊ စက်တင်ဘာ – ၂၅

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို နိုင်ငံအဝှမ်းဆောင်ရွက်လျက်ရှိသည်။ အလားတူ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့်ရွေးကောက်ပွဲနှင့်သက်ဆိုင်သောပစ္စည်းများကို ယနေ့နေ့လယ်ပိုင်းတွင် တပ်မတော်လေယာဉ် ၂ စီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးသည်။

 

ထိုသို့ပို့ဆောင်ရာ ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများဖြစ်သည့် မဲပုံး (အဖုံးမပါ) ၁၆၆၀ ပုံး၊ မဲပုံး(အစုံလိုက်) ၁၅၀၀ ပုံး၊ မဲပုံးအဖုံး ၈၃ ထုပ်နှင့် ၁၁၅၀ ဖုံး၊ မဲလက်မှတ်များထည့်ထားသည့် ဆာလာအိတ် ၆၁ အိတ်၊ မဲစာရင်းဆာလာအိတ် ၆၁ အိတ်နှင့် ဆာလာအိတ်အခွံ ၁၀ အိတ်တို့ကို နယ်မြေခံတပ်မတော်သားများက သက်ဆိုင်ရာလေယာဉ်များပေါ်သို့ တင်ဆောင်ပေးပြီး စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။ စစ်တွေမြို့သို့ မွန်းလွဲပိုင်းတွင်ရောက်ရှိခဲ့ပြီး လေဆိပ်၌ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်နှင့် တာဝန်ရှိသူများကလက်ခံရယူကြသည်။ ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို တပ်မတော်သားများက ကူညီသယ်ဆောင်ပြီး တပ်မတော်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာနေရာများသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။http://dsinfo.org/node/457


Spread the love
  •  
  •  
  •  
  •  
  •  
  •