၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးကြဖို့ စင်ကာပူ မြန်မာသံရုံးမှာတန်းစီနေကြပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးကြဖို့ စင်ကာပူ မြန်မာသံရုံှးမှာတန်းစီနေကြပြီ

၂၀၂၀ ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် ကြိုတင်မဲပေးဖို့အတွက် စိန့်မာတင်လမ်းထဲတွင် တစ်ဖက်တစ်ချက်တွင် Social Distancing အတိုင်း တန်းစီရမယ်လို့ သိရပါတယ်။

ညာဘက်အခြမ်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ မဲပေးမည့်သူများ တန်းစီရမည်ဖြစ်ပြီး ဘယ်ဘက်အခြမ်းတွင် အခြားပြည်နယ်နှင့် တိုင်းမှ မဲပေးမည့်သူများတန်းစီရမည် ဖြစ်ပါတယ်။

မနက် (၉) နာရီတွင် မဲစတင်ပေးရမှာဖြစ်ပြီး အစောကြီးမလာကြဖို့ နဲ့ စင်ကာပူနိုင်ငံက ထုတ်ပြန်ထားတဲ့ ကိုဗစ်ဥပဒေများကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ကြိုတင်မဲပေးရာတွင် စိန့်မာတင်လမ်းထဲတွင် တစ်ဖက်တစ်ချက်တွင် Social Distancing အတိုင်း တန်းစီရပါမည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် မြန်မာသံရုံး(စင်ကာပူ)တွင် ကြိုတင်မဲပေးကြရာမှာ မဖြစ်မနေလိုအပ်ချက်ဖြစ်တဲ့ အိမ်သာ အတွက် Mobile Toilet ၂ လုံးရှိပါတယ်။

၁၈ ရက်လုံးစာအတွက် အလှူရှင် ကိုစန်းယုလှိုင် နှင့် မိသားစုက လှူထားတာ ဖြစ်ပါတယ်။

Source – Myanmar Club (Singapore)


Spread the love
  •  
  •  
  •  
  •  
  •  
  •