၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် စင်ကာပူ
မြန်မာသံရုံးတွင် ကြိုတင်မဲပေးကြဖို့ မဲလက်မှတ်များရောက်ရှိ
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် မြန်မာသံရုံး(စင်ကာပူ)တွင် ကြိုတင်မဲပေး ကြဖို့ အတွက် မဲလက်မှတ်များ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒုတိယအသုတ်အဖြစ် ရောက်ရှိလာပြီး အားလုံးစုံပြီဖြစ်ကြောင်း သိရှိရပါတယ်။
မဲများကို သေသေချာချာ စိစစ်ရေတွက်ပြီး မနက်ဖြန် မွန်းလွှဲပိုင်းလောက်တွင် မဲစာရင်းများကို မြန်မာသံရုံး website တွင် တင်ပေးမည်ဟု သိရှိရပါတယ်။
ထို့ပြင် မဲပေးရန် Q No. ယူနိုင်ဖို့လည်း ဆက်လက်ကြေညာသွားမှာ ဖြစ်ပါတယ်။
Website – http://www.myanmarembassy.sg