“(၂၀၂၁) အတွက်ရည်မှန်း ဆုတောင်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“(၂၀၂၁) အတွက်ရည်မှန်း ဆုတောင်း”

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊စီးပွားရေးဆိုင်ရာ ဆောင်ရွက်မူသည်၊
ထိုနိုင်ငံ၏ ငြိမ်းချမ်း၊သာယာပြီး၊တည်ငြိမ်သည့် လူ့အဖွဲ့အစည်းရှိမှာသာ၊
အဆင်ပြေ ချောမွေ့စေသော၊
ဖွံ့ဖြိုးတိုးတက်၊ချမ်းသာစေသော၊
အခင်းအကျင်း၊အခြေအနေများအဖြစ်၊
ကောင်းမွန်စွာ လည်ပတ်နိုင်မှာဖြစ်ပါတယ်၊
သို့ဖြစ်ပါ၍ တရားဥပဒေအပေါ် မထီမဲ့မြင်၊
ဂရုမစိုက်သူ၊နိုင်ငံရေးသောင်းကျန်းသူတို့အဖြစ်မှ
ဆင်ချင်နိုင်ကြပါစေ၊
မိမိတို့ချစ်သော တပ်မတော်တွင်တာဝန်အဆင့်ဆင့်ရှိကြသူများနှင့် တပ်မတော်သည်လည်း မိမိတို့နိုင်ငံတွင် နိုင်ငံ့အရေးဖြစ်သော
နိုင်ငံရေးကိုပိုမိုရှုတ်ထွေးလာစေပြီး၊
တည်ငြိမ်မူများကို ပျက်ပြားနိုင်စေသော
နိုင်ငံရေးသောင်းကျန်းသူများအဖြစ်သို့
မရောက်ရှိအောင် ဆင်ချင်တုံနိုင်မူများ
ရှိနိုင်ကြပါစေ၊
နိုင်ငံရေးအစုအဖွဲ့၊လူပုဂ္ဂိုလ်များမှလည်း
နိုင်ငံရေးမနာလိုမူများ နည်းပါးကြပါစေ၊

ဒီမိုကရေစီစနစ်ကို အခြေပြုပြီး၊
ဖက်ဒရယ်ပြည်ထောင်စုကြီး အဖြစ်ထူထောင်
ကြမည့်မြန်မာပြည်ငြိမ်းချမ်းရေးအတွက်
ဆွေးနွေး ညှိနိူင်းနေကြပါသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များသည်လည်း အခြားနိုင်ငံသားမျာအဖြစ်ခံယူထားကြမူများမှ
မြန်မာနိုင်ငံသားများအဖြစ်သို့ရပ်တည်ကြိုးစားနိုင်
ကြပါစေ၊

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊
ပုဒ်မ(၃၄၅) အောက်ပါဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့်ပြည်ံစုံသာများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏နိုင်ငံသားများဖြစ်ကြသည်၊
(က) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်သူ၊

(၁၉၈၂) နိုင်ငံသားဖြစ်ခြင်း၊
ပုဒ်မ(၅) တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊တိုင်းရင်းသားမိဘနှစ်ပါူမှမွေးဖွားသူတိုင်းသည်လည်းကောင်းမွေးရာပါနိုင်ငံသားဖြစ်သည်၊
ပုဒ်မ(၁၃) နိုင်ငံသားတစ်ဦးဦးသည် အခြားနိုင်ငံသားအဖြစ်ခံယူခွင့်မရှိစေရ၊

ပုဒ်မ(၁၆) နိုင်ငံသားတစ်ဦးသည်နိုင်ငံတော်မှအပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊အခြားနိုင်ငံသားအဖြစ်ကိုခံယူလျှင်၊ သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊အခြားနိုင်ငံကူးလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ၊နိုင်ငံသားအဖြစ်မှရပ်စဲရမည်၊

ပုဒ်မ(၁၇) မွေးရာပါနိုင်ငံသားတစ်ဦးကို
ပုဒ်မ(၁၆) ပါပြဌာန်းချက်နှင့်ငြိစွန်းသဖြင့်
နိုင်ငံသားအဖြစ်မှရပ်စဲသည့် ကိစ္စမှတစ်ပါး၊အခြားမည်သည့်အခြေအနေတွင်မျှ နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခြင်းမပြုရ၊

နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း၊
ပုဒ်မ(၄၂) (၁၉၄၈)ခုနှစ်၊ဇန်နဝါရီလ(၄) ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့်ထိုသူတို့မှနိုင်ငံတော်အတွင်းမွေးဖွားသည့်သားသမီးသည် (၁၉၄၈)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မူ အက်ဥပဒေအရ လျှောက်ထားနိုင်ရန်ကျန်ရှိနေကြောင်း ခိုင်လုံသောအထောက်အထားများဖြင့် ဗဟိုသို့နိုင်ငံသားပြုခွင့်လျှောက်ထားနိုင်သည်၊

ပုဒ်မ(၄၃) ဤအက်ဥပဒေတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့်အောက်ပါ သူတို့သည်လည်းနိုင်ငံသားပြုခွင့်ရရန်လျှောက်ထားနိုင်သည်၊
(က) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှမွေးဖွားသူများ၊
(ခ.ဂ.ဃ.င) ။

ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့သောအခြေအနေ၊ အခါမှာမှ အခြားနိုင်ငံသားအဖြစ်ခံယူလျှောက်ထားမူမရှိပါ၊
မွေးဖွားလာစကထဲက ယခုအချိန်ကာလအထိ အမိမြန်မာနိုင်ငံသားအဖြစ်သာခံယူထားသူဖြစ်ပါတယ်၊
သူမ၏ သားများသည်လည်း အမိမြန်မာနိုင်ငံသားပြုခံထားကြရသူများဖြစ်ပါတယ်၊
တပ်မတော်အစိုးရခေတ်(နဝတ) ခေတ်တွင် (နဝတ) အစိုးရကသာ တစ်ဘက်သတ်ရုတ်သိမ်းသွားခြင်းဖြစ်ပါတယ်၊

ယခုအခါ တဖက်မှရရှိလာနိုင်သော အခွင့်အလန်းများကို၊
လက်ရှိရယူနေခြင်းဘဲဖြစ်ဖြစ်၊
ရယူရန်ကြိုးစားနေကြခြင်းဘဲဖြစ်ဖြစ်၊
အခြားနိုင်ငံသားအဖြစ်ခံယူထားသူတို့မှ
မီဒီယာ Debate များတွင် မိမိတို့နိုင်ငံ၏ သဘောကောင်းမူကို အခွင့်အရေးတစ်ရပ်
အဖြစ် အသုံးချကာ ငါ့စကားနွားရ တိုင်းပြည်နှင့်ပြည်သူပြည်သားများအပါအဝင်၊
ထိုပြည်သူပြည်သားအများက ယုံကြည်ထောက်ခံမူဖြင့် ဆန္ဒမဲပေးရွေးချယ်ထားသော၊
ယခုခေတ်ကလမှာ တိုင်းပြည်ထူထောင်ရေးနှင့် စည်းလုံးညီညွတ်မူများကိုပေးအပ် စွမ်းဆောင်နိုင်ပါသော လူထုခေါင်းဆောင်အား အချက်အလက်မဲ့စွာ မထီမဲ့
မြင်၊စော်ကား၊ပုတ်ခတ်ပြောဆိုနေကြခြင်းကို မိမိတို့ပြည်သူများအနေဖြင့် လက်ခံစရာလုံးဝ(လုံးဝ) မလိုပါပေ၊
၎င်းသူများသည် Proposal များတင်ကြကာ၊
Issue အမျိုးမျိုးဖြင့် အမိနိုင်ငံတော်ကို နှောင့်ယှက်နေကြသူ၊
ကိုယ်ကျိုးစီးပွားသောင်းကျန်းကြသူ၊
နိုင်ငံရေးသောင်းကျန်းသူ ရာဇဝတ်ကောင်များသဖွယ်ဖြစ်နေတာကိုတွေ့နေရပါတယ်၊
ယခု (၂၀၂၁) တွင် အထူးပင် သတိထားစောင့်
ကြည့် တုံ့ပြန်ဘို့လိုအပ်လာပါပြီ၊
၎င်းအပြင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များသည်လည်း အမိနိုင်ငံအတွက် လိုအပ်သည့်တရားဝင်ဖြစ်မူနှင့် မိမိတို့တိုင်းရင်းသားပြည်သူအပေါင်းမှ ဥပဒေအရ ပိုမိုစိတ်ချယုံ
ကြည်မူများတိုးပွားလာစေရန်အတွက်
နိုင်ငံခြားသားအဖြစ် ခံယူထားကြသူအားလုံးသည်လည်း အမိမြန်မာနိုင်ငံသားအဖြစ်ပြန်လည်လျှောက်ထားခံယူဘို့လိုအပ်ပေသည်၊

(၂၀၂၁) မှအစပြုပြီး၊မြန်မာပြည်သည်
အေးချမ်းသာယာပြီး၊
ထာဝရငြိမ်းချမ်းသော၊ ညီညွတ် စည်းလုံးသည့်ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ်သို့
အမြန်ဆုံးရောက်ရှိနိုင်ပါစေ၊
ကမ္ဘာ့ကူးစက်မူမြန် ကိုဗစ်ကပ်ရောဂါကြီးအား မိမိတို့နိုင်ငံပြည်သူ ပြည်သားအားလုံး၏စုပေါင်းအားများဖြင့် ကာကွယ်နိုင်ပါစေ၊
ဟု ရည်မှန်း ဆုတောင်း ရေးသား တင်ပြလိုက်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(၁.၁.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •