၂၈ ရက်အတွင်း ကူးစက်မှု ထပ်မံမတွေ့ရှိမှသာ ရောဂါ ကင်းစင်သည်ဟု ယူဆနိုင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၂၈ ရက်အတွင်း ကူးစက်မှု ထပ်မံမတွေ့ရှိမှသာ ရောဂါ ကင်းစင်သည်ဟု ယူဆနိုင်မည်

ကိုဗစ်-၁၉ ရောဂါ အစပျိုးချိန်ဖြစ်သည့် (၁၄) ရက် အချိန်ကာလ၏ နှစ်ဆဖြစ်သည့် (၂၈) ရက်အတွင်း ရောဂါဖြစ်ပွားသူ ထပ်မံ တွေ့ရှိမှသာ ကူးစက်ရောဂါ ဖြစ်ပွားခြင်း မရှိတော့ဟု ယူဆနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုသည်။

ဇွန် (၈) ရက်က လူမှုကွန်ရက်မှ ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးက ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

ကပ်ရောဂါ တစ်ခု၏ ရောဂါ အစပျိုးချိန် အရှည်ကြာဆုံး ကာလ၏ နှစ်ဆ ကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မရှိတော့သည့် အခါတွင် ရောဂါကူးစက် ဖြစ်ပွားခြင်း မရှိတော့ကြောင်း ကောက်ချက် ချနိုင်မည်ဟု ဝန်ကြီးက ပြောဆိုသည်။

သို့သော် ရောဂါ ဖြစ်ပွားသူများ အနေဖြင့် နေရာ အနှံ့အပြားမှ အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမျိုးလည်း ရှိနိုင်သေးသည်ဟု ဝန်ကြီးက သတိပေးထားသည်။

ရောဂါ အစပျိုးချိန် အတွင်း ရောဂါလက္ခဏာ မပြသသူများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို မလိုက်နာကြသူများလည်း ရှိနေနိုင်သဖြင့် ကူးစက်မှု တစ်ပြိုင်နက်တည်း ပေါ်လာသည့်အခါ ရောဂါ ထိန်းချုပ်ရေးတွင် ခက်ခဲပြီး မနိုင်မနင်း ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •