(၃၂)နှစ်မြောက်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကိုCovid-19 ကာလကျန်းမာရေးစည်းမျဥ်း များနဲ့အညီကျင်းပနိုင်ရေး ဆွေးနွေးမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

(၃၂)နှစ်မြောက်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ
အခမ်းအနားကိုCovid-19 ကာလကျန်းမာရေးစည်းမျဥ်း
များနဲ့အညီကျင်းပနိုင်ရေး ဆွေးနွေးမယ်

 

(၃၂)နှစ်မြောက်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ
အခမ်းအနားကိုCovid-19 ကာလအတွင်းကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများနဲ့အညီကျင်းပနိုင်ရေးအတွက် ရဲဘော်ရဲဘက်များမိတ်ဆွေ များနဲ့တိုင်ပင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အစည်းအဝေးကိုလည်းCovid-19ကာကွယ်ရေးစည်းမျဉ်းတွေနဲ့အညီပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်လာမယ့် ၁၉-၇-၂၀၂၀အာဇာနည်နေ့၊ နေ့လယ်(၁)နာရီမှာမဂ္ဂင်ကျောင်းတိုက်မှာရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအခမ်းအနားကျင်းပနိုင်ရေးအတွက်အစည်းအဝေးပြုလုပ်ပါမယ်။

ဒီမိုကရေစီရေးကြိုးပမ်းမှုတလျှောက်ပါဝင်ခဲ့ကြသောကျောင်းသားမျိုးဆက်များ၊၈၈မျိုးဆက်များ၊လုပ်ဖေါ်ကိုင်ဖက်ရဲဘော်ရဲဘက်များ၊မိတ်ဆွေများအားတက်ရောက်ဆွေးနွေး
ပေးကြဖို့လေးလေးစားစားဖိတ်ခေါ်ပါတယ်။

Covid-19 ကာလဖြစ်တာမို့အချိန်တိုအတွင်းဆွေးနွေးသွားမှာဖြစ်သလိုSocial distancing လည်းလုပ်မှာဖြစ်ပြီးလက်ဆေးဖို့နဲ့နှာခေါင်းစည်းများတတ်ဆင်ကြဖို့လည်းစီစဉ်ထားပေးပါမယ်။

Credit – Mya Aye


Spread the love
  •  
  •  
  •  
  •  
  •  
  •