(၄)နှစ်အတွင်း မန္တလေးစည်ပင်မှ ယာဉ်စက်ယန္တရား (၃၉၀)စီး ဝယ်ယူခဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

(၄)နှစ်အတွင်း မန္တလေးစည်ပင်မှ ယာဉ်စက်ယန္တရား (၃၉၀)စီး ဝယ်ယူခဲ့

မန္တလေးမြို့တော် စိမ်းလန်းစိုပြေသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ (၄)နှစ်တာကာလအတွင်း ယာဉ်စက်ယန္တရား အစီး (၃၉၀)စီး ဝယ်ယူအသုံးပြုခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ထံမှ သိရသည်။

“စည်ပင်သာယာလုပ်ငန်းတွေဖြစ်တဲ့ လမ်းဖောက်လုပ်ခြင်း၊ precast မြောင်းများ တည်ဆောက်ခြင်း၊ လမ်းမီးတိုင်အသစ်များ စိုက်ထူခြင်း၊ ရေပေးဝေရေးအတွက် ပိုက်အသစ်များချထားခြင်းနဲ့ ပိုက်ဟောင်းများပြုပြင်ခြင်းတွေကို အရင်က ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ငန်းအပ်နေရာကနေ ၂၀၁၇ က စပြီး စည်ပင်ဌာနများက ကိုယ်တိုင်လုပ်နိုင်ဖို့ ယာဉ်စက်ယန္တရားတွေကို ၂ဝ၁၆-၁၇ ဘတ်ဂျက်နှစ်ကစပြီးနှစ်စဉ် စုဆောင်းခဲ့တာပါ။

သန့်ရှင်းရေးအတွက် အမှိုက်သိမ်းဆည်းခြင်းနဲ့ ရေမြောင်းများဆယ်ခြင်း၊ စိမ်းလန်းစိုပြေရေး အတွက် ဥယာဉ်နဲ့ သစ်ပင်များစိုက်ပျိုးခြင်း စတဲ့လုပ်ငန်းတွေမှာလည်း ခေတ်နဲ့လိုက်လျောညီထွေရှိမယ့် ယာဉ်အသစ်တွေနဲ့ အစားထိုးခဲ့ပါတယ်။

 

(၄)နှစ်တာကာလအတွင်း သုံးဘီးအမှိုက်သိမ်းယာဉ် ၁၁၉ စီး အပါအဝင် ယာဉ်စက်ယန္တရား စုစုပေါင်း ၃၉၀ ဝယ်ယူပြီးဖြစ်လို့ စည်ပင်အလုပ်တွေ အရှိန်အဟုန်နဲ့ဆက်လုပ်ဖို့ အင်အားတောင့်တင်းနေပါပြီ။ မြို့တော် စနစ်တကျဖွံဖြိုးတိုးတက်ရေးအတွက် အမြဲကြိုးစားအားထုတ်နေတဲ့ စည်ပင်ပါ။” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •