၄ လကျော်ကြာ ယာယီပိတ်ထားခဲ့ရသော ကချင်ပြည်နယ်ရှိ ဆဒုံးလန်န ရေတံခွန် ပြန်လည်ဖွင့်လှစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၄ လကျော်ကြာ ယာယီပိတ်ထားခဲ့ရသော ကချင်ပြည်နယ်ရှိ ဆဒုံးလန်န ရေတံခွန် ပြန်လည်ဖွင့်လှစ်

 

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၄ လကျော်ကြာ ယာယီပိတ်ထားခဲ့ရသော ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ရှိ ဆဒုံးလန်နရေအား ဩဂုတ် ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး အပန်းဖြေ လာရောက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဆဒုံးလန်နရေတံခွန်သည် ဝိုင်းမော်- ဆဒုံး-ကန်ပိုက်တီ ကားလမ်းဘေးတွင် တည်ရှိပြီး ဆဒုံးမြို့မှ မိုင် (၁၀) ကျော် ၊ ဝိုင်းမော်မြို့မှ မိုင် (၃၀) ကျော်ကွာဝေးသည့် ခရီးသွားအပန်းဖြေလာရောက်ကြသည့် နေရာတစ်ခု ဖြစ်ပြီး အဆိုပါရေတံခွန်တွင် လာရောက်လည်ပတ် အပန်းဖြေခြင်းများအား ကိုဗစ် -၁၉ ရောဂါကြောင့် ယာယီပိတ်ထားရာမှ ယခုအခါ ဆဒုံးလန်န ရေတံခွန်တွင် ခရီးသွားပြည်သူများ လာရောက် လည်ပတ်နိုင်ရန် ယနေ့နံနက်(၉) နာရီမှ စ၍ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ဆဒုံးလန်နရေတံခွန်တွင် လာရောက်လည်ပတ်ကြမည့် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ရေတံခွန် အဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ ခရီးသွားမှတ်တမ်းများ ရေးသွင်းထားခြင်းစသည့် ကိုဗစ် – ၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများ ဆောင်ရွက်ထားကြောင်း ဆဒုံးလန်နရေတံခွန် တာဝန်ခံ ဦးလွမ်းဒေါင်ထံမှ သိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •