၅၈ နှစ်ပြည့် 7 July

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၅၈ နှစ်ပြည့် 7 July

 

မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းနဲ့ ခွဲမရ
တဲ့ ရန်ကုန်တက္ကသိုလ်ကလည်း ကမာရွတ်နယ်မြေထဲ
မှာပဲရှိပါတယ်။ အဲဒီအထဲမှာမှ မနက်ဖြန်မှာ ကျရောက်မယ့် 7 July ဆိုတဲ့ အရေးအခင်းဟာ
လည်း ရန်ကုန်တက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင်
ကမ္ဘကျော်အဖြစ်အပျက်ပါပဲ။ ၁၉၆၂ မတ်လ ၂ရက် အာဏာသိမ်းမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသား များက မကျေနပ်၍ ဆန္ဒပြကြရာက တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံဟာ ဖေါက်ခွဲဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ မနက်ဖြန်ဆိုရင် နှစ်ပေါင်း ၅၈ နှစ်ပြည့်ခဲ့ပါပြီ။

၂၀၂၀ ရန်ကုန်တက္ကသိုလ် နှစ်တရာပြည့်မှာတော့
သမဂ္ဂအဆောက်အအုံသစ် ပြန်လည်ပေါ်ပေါက်လာ
တော့မယ်လို့၊ အထူးသဖြင့် ဒီမိုကရေစီ အစိုးရ လက်
ထက် ၂၀၁၅ နောက်ပိုင်းမှာ အများပြည်သူလူထုက မျှော်လင့်ခဲ့ကြပါတယ်။ တကယ်လည်းပဲ ဒေါ်အောင်
ဆန်းစုကြည်အစိုးရက ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲ
နဲ့အတူ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ဖို့ ဘတ်ဂျက်ချပေးခဲ့ပါတယ်။ အဆောက်အအုံဖြစ်မြောက်ရေးအတွက် ပညာရေး
နယ်ပယ်က ဝန်ကြီးဟောင်း၊ ပါမောက္ခချုပ်ဟောင်း၊
အငြိမ်းစားဆရာကြီးများနဲ့ ဖွဲ့စည်းဆောင်ရွက်စေခဲ့
ပါတယ်။ သို့သော်လည်း ယင်းအဖွဲ့အစည်းသည် ပညာရေးဝန်ကြီး၊ လက်ရှိပါမောက္ခချုပ်၊ အဆင့်မြင့်
ပညာဦးစီးဌာနညွှန်ချုပ်၊ ကျောင်းသမဂ္ဂများ၏ ခေါင်းဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်များနဲ့ ရန်ကုန်တက္ကသိုလ်တွင် အစည်းအဝေးလုပ်ပြီးနောက်ရပ်ဆိုင်း သွားခဲ့ပါတယ်။

ကျောင်းသာသမဂ္ဂအဆောက်အအုံနဲ့ပတ်သက်၍
မူ ( ၃ )မျိုး ပေါ်ထွက်ခဲ့ပါတယ်။ ပထမမူ သည် ယင်းမူလနေရာတွေင် ခေတ်မီသော အထပ်မြင့် အဆောက်အအုံကို ရန်ကုန်တက္ကသိုလ်နှစ်၁၀၀ပြည့်
အထိမ်းအမှတ်အဆောက်အအုံအဖြစ် ဆောက်လုပ်
ရန်။ ဒုတိယမူက ယင်းမူလနေရာတွင် ဖျက်ဆီးခြင်း
ခံရသောမူလအဆောက်အအုံအတိုင်း တသွေမတိမ်း ပြန်လည်ဆောက်လုပ်ရန်။ တတိယမူကတော့ ယင်းမူလနေရာတွင် မည်သည့်အဆောက်အအုံကိုမှ ပြန်လည်ဆောက်လုပ်ခြင်းမပြုဘဲ ယခုအတိုင်း
ရင်ပြင်အဖြစ်ထားရှိရန်။ ယင်းကဲ့သို အဆိုပြုချက် မူ
( ၃ )ခု ထွက်ပေါ်လာခဲ့ပါတယ်။ သို့သော် ပထမမူကို
ကန့်ကွက်သူများက ယင်းနေရာ ခေတ်မီဒီဇိုင်းဖြင့် အဆောက်အအုံအသစ်ကြီး ပေါ်ပေါက်လာမည်ဆို
ပါက ပတ်ဝန်းကျင်ရှိ အဆောက်အအအုံလက်ရာ များနဲ့ ကွာခြားနေပြီး နဂိုမူလတန်ဖိုးများ ပျက်စီးမှာ ဖြစ်သောကြောင့် ဆောက်လုပ်ရန်ခွင့်မပြုကြပါ။
ဒုတိယမူ ကိုလည်းကန့်ကွက်ကြပါသည်။ မူလ အဆောက်အအုံနှင်ပတ်သက်သည့်အတိုင်းအထွာ၊ ဒီဇိုင်း၊ အတွင်းဖွဲ့စည်းပုံများကအစ အထောက်အ
ထားများမရှိတော့သဖြင့် အဆောက်အအုံအတုကြီး
ဆောက်ထားသလို ဖြစ်နေတာကြောင့် ခွင့်မပြုကြပါ။
တတိယမူကို ကျပြန်တော့လည်း ကျောင်းသားများ
ကို အမြဲအမှတ်ရနေအောင်၊ စုရုံးဆန္ဒပြရာနေရာ
ဖန်တီးပေးသလို ဖြစ်နေတာကြောင့် မပြုလုပ်သင့် ကြောင်းတင်ပြကာကန့်ကွက်ခဲ့ကြပါတယ်။
ဒီလိုဆိုရင် ကျနော်တို့ဘာလုပ်သင့်ပါသလဲ။

( ကွယ်လွန်သူပန်းချီဆရာကြီးခင်မောင်ရင် ရေးဆွဲ
ခဲ့သောပန်းချီကားဖြင့် 7 July ကို ဂုဏ်ပြုလိုက်
ပါတယ်ခင်ဗျား )

ဆရာမျိုးမြတ်သူ ၏ ကမာရွတ်ပုံပြင် ( ၂၄ )မှ
ကောက်နှုတ်ဖော်ပြပါသည်


Spread the love
  •  
  •  
  •  
  •  
  •  
  •