New normal နဲ့၈၈၈၈နေ့
ကိုဗစ်ကြောင့်အခမ်းအနားတွေကျင်းပဖို့မဖြစ်နိုင်ပေမယ့်ဖြစ်နိုင်တဲ့နည်းတွေရှာပြီးလုပ်ရတာဟာလည်းဘဝပါပဲ။မြောက်ဥက္ကလာကျောက်တိုင်မှာအလေးပြုပြီးကျဆုံးသွားတဲ့သူအားလုံးကိုအောက်မေ့တဲ့အနေနဲ့ညီမငယ်ဝင်းမော်ဦးရဲ့မိဘတွေအိမ်ကိုသွားခဲ့တယ်။
ကိုမင်းကိုနိုင်အပါဝင်တခြားသူတွေကဖုန်းနဲ့တဆင့်မီသားစုကိုအားပေးစကားပြော၊ကိုလူမော်+မစိမ့်တို့ကငွေတသိန်းလှူ။ဖခင်ကျန်းမာရေးအတွက်ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေဖြစ်ခဲ့ပါတယ်။
နေ့ကြီးရက်မြတ်တွေ့ကို ရတဲ့ပုံစံနဲ့မပျက်မကွက်ကျင်းပခြင်းဟာနိုင်ငံရေးအကျဉ်းသားများရဲ့တာဝန်အဖြစ်အကျဉ်းကျစဉ်ကာလတလျှောက်လုံးခံယူဆောင်ရွက်ခဲ့ကြတာမို့New normalဆိုတာဟာကျနော်တို့နဲ့တော့သိပ်မစိမ်းလှပါ။
Credit – Kyaw Min Yu