ပြည်သူ့ထံမှ ပြည်သူ့ထံသို့
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့် တောင်ဒဂုံမြို့နယ် အခြေစိုက် ပြည်သူသာအဓိက အဖွဲ့တို့ပူးပေါင်းပြီး တောင်ဒဂုံမြို့နယ် (၅၃) ၊ (၅၆) ၊(၂၆) ၊(၂၀)ရပ်ကွက်များအတွင်းရှိ စားနပ်ရိက္ခာအခက်ခဲဖြစ်နေသူများနှင့် အောင်ဇေယျအိမ်ရာအတွင်းရှိ (Lock Down) ကျရောက်နေသာ မိသားစုများအပါ အဝင်စုစုပေါင်းအိမ်ထောင်စု (၁၅၀)ထံ ဆန် (၃)ပြည် ၊ကြက်ဥ၊ ဆီ ၊ ငါးသေတ္တာ၊ အချိုရည် စသည့်စားသောက်ကုန်များသွားရောက် ပံ့ပိုးကူညီခဲ့ကြသည်။
လှူဒါန်းပေးသော အလှူရှင်မိသားစုများ ကျန်းမာချမ်းသာပါစေကြောင်း ဤနေရာမှဆုတောင်းပေးအပ်ပါသည်။