❐စင်ကာပူ အစိုးရမှ COVID-19 စစ်ဆေးမှုများနှင့် ဆေးဝါးများ ထောက်ပံ့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐စင်ကာပူ အစိုးရမှ COVID-19 စစ်ဆေးမှုများနှင့် ဆေးဝါးများ ထောက်ပံ့မည်

နေပြည်တော်၊ အောက်တိုဘာ ၂

စင်ကာပူ အစိုးရမှ COVID-19 ရောဂါ စစ်ဆေးမှုနှင့် ဆေးဝါးဆိုင်ရာ အထောက်အပံ့များ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်သွယ်စဉ် ပြောကြားခဲ့သည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

“COVID-19 ရောဂါ တိုက်ဖျက်ရေး မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများ အတွက် စင်ကာပူ အစိုးရက COVID-19 ရောဂါ စစ်ဆေးမှုများနှင့် အခြားဆေးဝါးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးသွားမည်” ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ရေးသားထားသည်။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးရသည့် အတွက် ဝမ်းသာမိပြီး နိုင်ငံများ အနေဖြင့် ကပ်ရောဂါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး၊ ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်ရန် အတူတကွ လုပ်ဆောင်သွားရေးတို့ကို သဘောတူခဲ့ကြကြောင်း ၄င်းက ဆက်လက် ရေးသားထားသည်။

ဓာတ်ပုံ – စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ၂၀၁၇ ခုနှစ်က နိုင်ငံတော်၏အတိုင်ပင်ခံ နေအိမ်သို့ အလည်အပတ် ရောက်ရှိခဲ့စဉ်

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •