❐တပ်မတော် အပါအဝင် အင်အားကြီး ပါတီများမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ကြောင်း ထုတ်ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐တပ်မတော် အပါအဝင် အင်အားကြီး ပါတီများမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ကြောင်း ထုတ်ပြန်

နေပြည်တော် ၊ နိုဝင်ဘာ ၁၀

တပ်မတော် အပါအဝင် အင်အားကြီးပါတီ တစ်ချို့ က မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ထုတ်ပြန် ကြေညာထားသည်။

တပ်မတော်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီကိုယ်စားလှယ်များအား အထူး ဂုဏ်ယူကြောင်းနှင့် တိုင်းပြည် စီးပွားရေးတိုးတက်မှု အတွက် အစိုးရအသစ်၊ ပြည်သူများနှင့်အတူ လက်တွဲညီစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ ဦးသူရရွေမန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုအတွက် အထူးဂုဏ်ပြုကြောင်း ထုတ်ဖော် ရေးသားထားသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အနေဖြင့် တစ်ပြည်လုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်ဟု သူရဦးရွေမန်း၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားခဲ့သည်။

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီမှလည်း ရွေးကောက်ပွဲရလဒ်ကို လေးစား အကောင်ထည်ဖော်ရေး အလွန်အရေးကြီးကြောင်း ထုတ်ပြန်ထားပြီ အစိုးရအသစ်နှင့် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

အင်အားကြီးပါတီများမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အကြောင်းအား ထုတ်ပြန်ထားကြ သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက် တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုအား နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •