❐မေလ ၂၀ ရက်က ဆေးရုံမှ ဆင်းခွင့်ရခဲ့သည့် တာချီလိတ်မှ COVID-19 လူနာတွင် ပိုးပြန်တွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐မေလ ၂၀ ရက်က ဆေးရုံမှ ဆင်းခွင့်ရခဲ့သည့် တာချီလိတ်မှ COVID-19 လူနာတွင် ပိုးပြန်တွေ့

 

နေပြည်တော်၊ ဇူလိုင် ၁

တာချီလိတ်မြို့မှ အသက် ၄၃ နှစ်အရွယ် လူနာအမှတ် ၉၆ အမျိုးသားသည် နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိတော့ သဖြင့် မေလ ၂၀ ရက်နေ့က ဆေးရုံမှ ဆင်းခွင့် ရခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့က ဓာတ်ခွဲ နမူနာ ထပ်မံ စစ်ဆေးရာတွင် COVID-19 ရောဂါပိုး ပြန်လည် တွေ့ရှိရကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် ပြန်လည် အလုပ်လုပ်ကိုင်ရန် အတွက် လူနာ၏ ဆန္ဒအရ ဓာတ်ခွဲ စစ်ဆေးရာ ရောဂါပိုး ပြန်လည် တွေ့ရှိခြင်း ဖြစ်ကြောင်း ရှမ်း အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဘစိုးသက်က ဒေသတွင်း မီဒီယာတစ်ခုသို့ အတည်ပြု ပြောဆိုထားသည်။

ယင်းလူနာအား တာချီလိတ် ဆေးရုံတွင် Hospital Quarantine ထားရှိမည် ဖြစ်ပြီး လူနာနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ စုံစမ်း ဖေါ်ထုတ်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

 

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •