❐အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ဒုတိယအကြိမ် အဖြစ် ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ဒုတိယအကြိမ် အဖြစ် ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မည်

နေပြည်တော် ဇွန်လ ၁၉

အစိုးရအနေဖြင့် အခြေခံလူတန်းစား အိမ်ထောင်စုအား ဒုတိယအကြိမ် ထောက်ပံ့မှု အဖြစ် ငွေကျပ် နှစ်သောင်း စီ ထပ်မံ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

သမ္မတအိမ်တော်တွင် ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် သတင်း ထောက်များ၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၅ သန်း ၄ သိန်းကျော် ရှိနေပြီး အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ထိုသို့ ထောက်ပံ့ရာတွင် ကနဦး စမ်းသပ်ခြင်း အနေဖြင့် ပုဗ္ဗသီရိမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် ကလောမြို့နယ် တို့အား Mobile Payment ဖြင့်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်ဒေသများကို အုပ်ချုပ်ရေး ယန္တရားမှ ဖြန့်ဝေသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီသုံးမြို့နယ် ကိုတော့ mobile payment နဲ့ စမ်းသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့် ကတော့ ထပ်ပြီးတော့ အခြေအနေအပေါ် မူတည်ပြီး လူကြီးတွေက သုံးသပ်ပြီး၊ အခြေခံ လူတန်းစားတွေ အတွက် ထောက်ပံ့မှုတွေလည်း စဉ်းစားထားတာ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ထို့အပြင် ပထမအကြိမ် ရိက္ခာ (၅) မျိုး ထောက်ပံ့ရာတွင် ကျန်ရှိခဲ့သည့် အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်းကိုလည်း ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ပထမ အကြိမ်မှာတော့ စားနပ်ရိက္ခာတွေ ဝယ်ယူပြီး ဖြန့်ဝေတဲ့ အခါမှာ အောက်ခြေမှာ အမျိုးမျိုး ဝေဖန် ပြောဆိုမှုတွေ ရှိတယ်ပေါ့။ တစ်ချို့လည်း အကြောင်း အမျိုးမျိုးကြောင့် ရိက္ခာ(၅)မျိုးမှာ လျော့နည်းတာတွေ ရှိတယ်ဆိုတဲ့ ပြသနာတွေ တွေ့ရတယ်ပေါ့။ တစ်ချို့လည်း စားနပ်ရိက္ခာတွေကို စုပုံပြီး ဖြန့်ဝေတဲ့ အခါမှာ Logistic ပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိတယ်ဆိုတော့ အဲ့တော့ ကာယကံရှင် မိသားစုတွေ လက်ထဲကို ငွေပေးတာက ပိုပြီး ထိရောက်မလား ဆိုတဲ့ စဉ်းစားချက်တွေနဲ့ လူကြီးတွေက ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုတွေကို ကျပ် ၁၅၀၀၀ ပေးဖို့ ဆောင်ရွက်ခိုင်းထားပြီး ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ဆက်လက်ပြောသည်။

အစိုးရအနေဖြင့် ပထမအကြိမ် ရိက္ခာ (၅) မျိုး ထောက်ပံ့ခြင်းကို သင်္ကြန် ရုံးပိတ်ရက် ကာလအတွင်း ဖြန့် ဝေခဲ့ခြင်း ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၄ သန်းကျော်အား ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကာ ပထမအကြိမ် ရိက္ခာ (၅) မျိုး ဖြန့်ဝေရာတွင် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •