🇹🇭 ထိုင်းနဲ့ 🇻🇳 ဗီယက်နမ်ကို ပိုမိုကူးစက်လွယ်တဲ့ ကိုဗစ်ဗီဇကွဲသစ်ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇹🇭 ထိုင်းနဲ့ 🇻🇳 ဗီယက်နမ်ကို #ပိုမိုကူးစက်လွယ်တဲ့ကိုဗစ်ဗီဇကွဲသစ်ရောက်ရှိ။

🇻🇳 ဗီယက်နမ်မှာတွေ့ရှိခဲ့အပြီးမှာ ယခုအခါထိုင်းနိုင်ငံမှာပါ B.1.1.7 ဗီဇကွဲကို တွေ့ရှိခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့ပိုမိုတင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ကိုင်တွယ်နေပြီဖြစ်ပါတယ်။

အခုဗီဇကွဲသစ်ကို 🇬🇧 ယူကေနိုင်ငံမှရောက်ရှိလာတဲ့ မိသားစုလေးယောက်ထဲမှာတွေ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ဒုတိယကိုဗစ်လှိုင်းအနေနဲ့ ရောဂါတွေ့ရှိသူများပြားလာနေပါတယ်။

အခုထိုင်းပြည်တွင်းကူးစက်မှုမြင့်မားလာနေခြင်းဟာ အိမ်နီးခြင်းမြန်မာနဲ့ တရားမဝင်နယ်စပ်ကူးသန်းမှုတွေကြောင့်လို့ ဆိုထားပါတယ်။

ပညာရေးဝန်ကြီးဌာနကလည်း တနင်္ဂလာနေ့မှစပြီး ကျောင်းတွေကို ဇန်နဝါရီလကုန်အထိပိတ်ခိုင်းပါတယ်။

နိုင်ငံအတော်များများဟာ ယူကေနိုင်ငံမှအဝင်ကိုယာယီကန့်သတ်နေပြီးစောင့်ကြည့်နေပြီဖြစ်ပါတယ်။

ထို့အပြင်လောလောဆယ် ပြည်ပအဝင် Q ဝင်ရက်ကိုလည်းတိုးမြှင့်ပြီး ပြည်တွင်းကို ပိုမိုကူးစက်လွယ်တဲ့ဗိုင်းရပ်စ်ဗီဇကွဲရောက်မလာအောင် အသေအချာကိုင်တွယ်နေကြပါကြောင်း။

Richard Myo Thant
3-January -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •