“အိန္ဒိယပြည်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လူ၁၁ယောက်သေဆုံး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အိန္ဒိယပြည်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လူ၁၁ယောက်သေဆုံးခဲ့”

October 14,2029

ဒေသ သတင်းဌာနက ဗုဒ္ဓဟူးနေ့ကဖော်ပြခဲ့တဲ့သတင်းတွေအရ အိန္ဒိယတောင်ပိုင်းတီလန်ဂါနာပြည်နယ်မှာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် အနည်းဆုံးလူ၁၁ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။

သေဆုံးမှုတွေမှာ ဟိုက်ဒါရာဘက်(ဒ်)ပြည်နယ် တီလန်ဂါနာမြို့တော်မှာ နံရံတခုပြိုကျခဲ့တာကြောင့် လူ၁၀ယောက်သေဆုံးထဲ့ရတဲ့ အဖြစ်အပျက်လည်းပါဝင်ပါတယ်။အဲ့ဒီ မှာ အင်္ဂါနေ့ကတည်းက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေတာကိုတွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ဟိုက်ဒါရာဘက်(ဒ်)ပြည်နယ် အတွက် အဝါရောင်အဆင့်သတိပေးချက်ကို ဗုဒ္ဓဟူးနေ့
က ထုတ်ပြန်ခဲ့ပြီး၊တိုင်းပြည်ရဲ့အနောက်တောင်ဘက် မဟာရက်ရှ်ထရာ ပြည်နယ်မှာဆက်လက်ပြီး
မိုးသည်းထန်စွာရွာသွန်းလိမ့်အုန်းမယ်လို့
သတိပေးထားပါတယ်။

Ref:CGTN


Spread the love
  •  
  •  
  •  
  •  
  •  
  •