မန္တလာသီရိ အားကစားကွင်း အတွင်းမှာ ကိုဗစ် ၁၉ ယာယီစင်တာ တစ်ခု ဧရာဝတီဖောင်ဒေးရှင်းကစတင် တည်ဆောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလာသီရိ အားကစားကွင်း အတွင်းမှာ ကိုဗစ် ၁၉ အတည်ပြု လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ ယာယီစင်တာ တစ်ခု ဧရာဝတီဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုနဲ့ စတင် တည်ဆောက်နေပါပြီ။

အဲ့ဒီစင်တာ စပြီး ပြင်ဆင်နေတာကို မနက်က သွားကြည့်ခဲ့ပါတယ်။

စင်တာမှာ ကိုဗစ် ၁၉ ရောဂါ အတည် ပြုလူနာ သုံးရာလောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ လျာထားပါတယ်။ ဆောက်မှာက အဆောင် သုံးဆောင်ပါ။
တည်ဆောက်ရေး ပစ္စည်းတွေ ရောက်နေပါပြီ၊

လူနာတွေ ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့ Facilities တွေ ထည့်ပြီးတဲ့အထိ ဆိုရင် ဆယ်ရက်လောက် ကြာရင် ပြီးမယ် မှန်းထားတယ်လို့ သိရပါတယ်။
အစိုးရ အနေနဲ့ အဲ့ဒီစင်တာ အတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးသွားမှာပါ။

အားကစားကွင်းထဲက ဘက်စကတ်ဘော အားကစားခန်းမနဲ့ ကျောင်းသားအဆောင် တွေကိုလည်း ကွာရန်တင်းစင်တာ လုပ်ဖို့ စီစဉ်နေပါတယ်။

အားလုံးမှာ ရေ၊ လျှပ်စစ်မီးရဖို့၊ သန့်စင်ခန်းတွေ၊ သန့်ရှင်းရေးတွေ ကောင်းဖို့၊ လုံခြုံရေး ကောင်းဖို့၊ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ဆက်လုပ်သွားမှာပါ။

လက်ရှိမှာ မန္တလေးခရိုင်နဲ့ အနီးတစ်ဝိုက် မြို့နယ်၊ ဒေသ တွေက ကိုဗစ် အတည်ပြုလူနာတွေကို ကန်တော်နဒီဆေးရုံ၊ ခုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံ၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ၊ ပြင်ဦးလွင်ဆေးရုံ၊ ဇီးပင်ကြီး ဆေးရုံ၊ အလုပ်သမားဆေးရုံကြီး၊ ၆၂ လမ်း ဇီဝိတဒါန သာသနာ့အထူးကု ဆေးရုံကြီး‌ တွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေပါတယ်။

လူနာနဲ့ ထိတွေ့သူတွေကို ဇီဝိတဒါန သံဃဆေးရုံကြီး၊ မန္တလာတက္ကသိုလ်၊ ဇီးပင်ကြီး ၊ ဧရာဝတီစင်တာ၊ Multipurpose Stadium (Mandalay)၊ မန္တလေး ပညာရေး ဒီဂရီကောလိပ်၊ ကျောက် ဆည်တက္ကသိုလ်၊ တအုံမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တွေမှာ Facility Quarantine ထာပြီး ကျန်းမာရေး စောင့်ရှောက်ပေးနေပါတယ်။

Credit – Dr Zaw Myint Maung

 


Spread the love
  •  
  •  
  •  
  •  
  •  
  •