“ပီရူးနိုင်ငံက ကြားဖြတ်သမ္မတ လူထုဆန္ဒပြပွဲတွေပေါ်ပေါက်လာပြီး နှုတ်ထွက်သွား”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပီရူးနိုင်ငံက ကြားဖြတ်သမ္မတ လူထုဆန္ဒပြပွဲတွေပေါ်ပေါက်လာပြီး နှုတ်ထွက်သွား”

November 16, 2020

ပီရူးနိုင်ငံရဲ့ကြားဖြတ် သမ္မတ မန်နူရယ်
မာရီနို ဟာအုပ်ချုပ်မှုသက်တမ်းတပါတ် မပြည့်သေးခင်မှာပဲ တနင်္ဂနွေနေ့မှာ ရာထူးကနှုတ်ထွက်သွားခဲ့ပါတယ်။ သူ့ကိုဖယ်ရှားဖို့လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့ပြီး
လူ၂ယောက်သေဆုံးသွားကာ ဒါဇင်များစွာထိခိုက်ဒါဏ်ရာ ရရှိသွားကြလို့တိုင်းပြည် ဟာနောက်ထပ်နိုင်ငံရေး အကျပ်အတည်းတခုအတွင်းကျရောက်ခဲ့ရတာကြောင့်သမ္မတနှုတ်ထွက်သွားရတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုကြောင့်အနည်းဆုံး
ဆန္ဒပြသူ၂ယောက်သေဆုံးခဲ့ရပြီးနောက်တိုင်းပြည်ကိုရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ”ကျွန်တော်နှုတ်ထွက်တော့မယ်ဆိုတာ တတိုင်းပြည်လုံးကို သိစေချင်ပါတယ်။” လို မာရီနိုက ပြောခဲ့ပါတယ်။      အတိုက်အခံတွေလွှမ်းမိုးထားတဲ့ လွှတ်တော်က
အရင်ကရာထူးဆက်ခံထားသူသမ္မတ မာတင်
ဗစ်ဇ်ကာရာ ကိုလဘ်စားမှုနဲ့ စွဲချက်တင်မဲပေး ဖြုတ်ချခဲ့ပြီး မာရီနိုက အင်္ဂါနေ့မှာ သမ္မတရာထူးကိုလက်ခံခဲ့တာဖြစ်ပါတယ်။မာတင်ကတော့သူလဘ်မစားဘူးလို့ပြောဆိုပါတယ်။

လက်ျာအုပ်စုတွေ ပြောတာကတော့
ဆန္ဒပြသူတွေကိုနှိမ်နင်းဖို့ရဲတပ်ဖွဲ့ဟာအင်အားကို အလွန်အကျွံအသုံးပြုခဲ့ပြီး အဓိကအားဖြင့်သူတို့ပစ်ခတ်တဲ့မျက်ရည်ယို ဗုံးတွေ၊ကျည်ဖူးတွေကြောင့် ဆန္ဒပြသူဒါဇင်များစွာထိခိုက်ဒါဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။ဒီမတည်ငြိမ်မှုတွေဖြစ်ပွါးအပြီးမှာတော့ သမ္မတ ရာထူးမှနှုတ်ထွက်သွားရပါတယ်။

လူ့အခွင့်အရေးအုပ်စုကွန်ယက်တခုက
ပြောတာက လူ၁၁၂ယောက် ထိခိုက်ဒါဏ်ရာရသွားခဲ့ပြီး၊ အခြား၄၁ယောက် ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိရသေးဘူးလို့ဆိုပါတယ်။ သေဆုံးသူအသက်၂၂နှစ်အရွယ်ဂျက် ပင်တာဒိုဟါ ဦးခေါင်း အပါအဝင်သေနတ်နဲ့၁၁ချက် အပစ်ခံခဲ့ရပြီး၊အသက်၂၄နှစ်အရွယ် ဂျော်ဒန်ဆိုတယ်လိုက နလုံးအနီးရင်ဘတ်ပိုင်းမှာသေနတ်နဲ့ ၄ချက် အပစ်ခံရပြီးသေဆုံးခဲ့ရတယ်လို့  ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

“ဒီလူငယ်လေးနှစ်ယောက်ဟာ မတရားသဖြင့်၊အဓိပ္ပါယ်မဲ့စွာ၊တရားမျှတမှုမရှိပဲ ရဲတွေကြောင့်သူတို့ရဲ့အသက်တွေကိုစွန့်လွှတ်ခဲ့ရတယ်။” “ဒီဖိနှိပ်ညှင်းပန်းမှုတွေကို ပီရူးနိုင်ငံသားအားလုံးကဆန့်ကျင်တယ်။ရပ်တန့်ပစ်ဖို့လိုအပ်တယ်။” လို့ ပီရူးနိုင်ငံသား စာရေးဆရာ နိုဘယ်လ်ဆုရှင် မာရီယို ဗားဂတ်စ် လီလိုဆာ က သူတွစ်တာမှာမျှဝေထားတဲ့ အသံသွင်းဗီဒီယိုမှာ ပြောပါတယ်။

အဲ့ဒီအချိန်မှာပဲ မာရီနို နှုတ်ထွက်ပေးဖို့
နိုင်ငံရေးခေါင်းဆောင်တွေရဲ့အသံတွေ ထွက်ပေါ်လာခဲ့ပြီး၊သူ့ရဲ့အသစ်ဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့ဝန်ကြီး၁၉ယောက်အနက်အနည်းဆုံး၁၃ယောက်က ထွက်သွားပါတယ်။လွှတ်တော်ဥက္ကဌက မာရီနို ချက်ချင်းနှုတ်ထွက်ပေးဖို့တောင်းဆိုလိုက်ပြီး၊ငြင်းဆန်ခဲ့ရင် ဥပဒေပြဌန်းသူတွေက မဲခွဲပြီးမောင်းထုတ်မယ်လို့ပြောပါတယ်။
“ကျွန်တော်တို့ဟာ ပီရူးပြည်သူတွေရဲ့အသက်ဟာအားလုံးရဲ့အထက်မှာရှိတယ်လို့သဘောထားရမယ်”လို့
လက်ရှိလွှတ်တော်ဥက္ကဌ လူးဝစ် ဗယ်လ်ဒက်(ဇ်)ကပြောပြီး သူကိုယ်တိုင်လည်းနှုတ်ထွက်ဖို့စီစဉ်ထားပါတယ်။

“စပါးစိုက်လယ်သမားကနေ ကြားဖြတ်ခေါင်းဆောင်အဖြစ်သို့”
လူသိနည်းတဲ့နိုင်ငံရေးသမား တယောက်ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးသူ
လယ်သမားမာရီနိုဟာ ယခင်ကလူကြိုက်များတဲ့သမ္မတတဦးဖြစ်ခဲ့သူ
မာတင်ဗစ်ဇ်ကာရာကို လွှတ်တော်ကမဲခွဲ ဖြုတ်ချခဲ့ပြီးနောက် အင်္ဂါနေ့မှာ ပီရူးနိုင်ငံရဲ့ခေါင်းဆောင်တယောက်ဖြစ်လာခဲ့ပါတယ်။လွှတ်တော်ခေါင်းဆောင်အနေနဲ့ ဗစ်ဇ်ကာရာကို ဖယ်ရှားပြီးချိန်မှာမာရီနိုကိုသမ္မတအဖြစ်ခန့်ထားဖို့ရာထားခဲ့ပါတယ်။ဒါပေမဲ့ဆန့်ကျင်ဆန္ဒ
ပြသူတွေက ဒီလှုပ်ရှားမှုကို ဥပဒေနဲ့ဆန့်ကျင်တဲ့လွှတ်တော်တွင်းအာဏာသိမ်းမှုအဖြစ်သဘောထားပြီးရင်ဆိုင်ကြသလို သူ့ကိုလည်း
သမ္မတအဖြစ်အသိအမှတ်မပြုပါဘူး။
“ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့အသံကို
နားထောင်ကြစေချင်တယ်။”လို့ ဆန္ဒပြပွဲမှာဆန္ဒပြသူ ဖာနန်ဒို ရာမီရက်(ဇ်)က​ အိုးတလုံးကိုဇွန်းတချောင်း နဲ့ တ ဂျုံးဂျုံး ထုရိုက်ရင်း
ပြောပါတယ်။
အမြဲတမ်းစာရိတ္တစွမ်းရည်
ပြည့်ဝနေစေဖို့   သမ္မတ တယောက်ကို ဥပဒေပြုလွှတ်တော်ကဖယ်ရှားပစ်နိုင်တယ်လို့ ပြဌန်းထားတဲ့၁၉ရာစုနှစ်ကဥပဒေအပိုဒ်ငယ်ကိုအသုံးပြုပြီး ဗစ်ဇ်ကာရာ ကိုလွှတ်တော်က ကန်ထုတ်ခဲ့ပါတယ်။
လွှတ်တော်အမတ်တွေက ဗစ်ဇ်ကာရာဟာ ကပ်ရောဂါနဲ့ပတ်သက်ပြီးဆိုးဝါးညံ့ဖျင်းစွာကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး၊
လွန်ခဲ့တဲ့နှစ်များစွာအကြာက ပီရူးနိုင်ငံတောင်ပိုင်းပြည်နယ်ငယ်လေးတခုမှာ အုပ်ချုပ်ရေးမှူးလုပ်တုန်းက ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း နှစ်ခုထံက လဘ်ငွေ ၆၃၀၀၀၀ကျော် ယူခဲ့တယ်သက်သေအထောက်အထားအခိုင်အလုံမပြနိုင်ပဲစွတ်စွဲထားပါတယ်။
အစိုးရရှေ့နေတွေက စွတ်စွဲချက်တွေကိုစုံးစမ်းစစ်ဆေးနေပေမဲ့ ဗစ်ဇ်ကာရာကိုတော့တရားစွဲဆိုထားတာမရှိသေးပါဘူး။သူ့ကို၁၈လကြာတဲ့အထိတိုင်းပြည်ထဲကထွက်ခွါမသွားဖို့ တရားသူကြီးတယောက်က သောကြာနေ့က တားမြစ်ခဲ့ပါတယ်။
သမ္မတဟောင်းက အကြမ်းဖက်မှုကို
တနင်္ဂနွေနေ့က တွစ်တာပေါ်မှာရှူံ့ချပြောဆိုခဲ့ပြီး၊သွေးထွက်သံယိုဖြစ်ခဲ့ရတာတွေအတွက်သူနာမ်မည်ပေးထားတဲ့ “မတရားတဲ့ တရားဝင်မှုမရှိတဲ့အစိုးရ”အပေါ်အပြစ်တင်ပြောဆိုခဲ့ပါတယ်။

“ဒီတိုင်းပြည်ဟာ ရဲရင့်တဲ့လူငယ်လေးတွေ သေဆုံးခဲ့ရတာကို
အပြစ်မပေးပဲထားဖို့ ခွင့်ပြုထားမှာမဟုတ်ပါဘူး။”လို့ ဗစ်ဇ်ကာရာကတွစ်တာမှာ ရေးသားခဲ့ပါတယ်။
ပီရူးနိုင်ငံကိုလှုပ်ယမ်းနေတဲ့   ဒီဆန္ဒပြပွဲတွေဟာ တိုင်းပြည်ရဲ့ နာမ်မည်ဆိုးနဲ့ ယောက်ရက်ခတ်ဆူပူနေတဲ့နိုင်ငံရေးကိစ္စတွေအပေါ်မှာစိတ်မပါတဲ့လူငယ်တွေက လှုံဆော်ဖန်တီးလို့ဖြစ်ပွါးခဲ့ရတဲ့ အရင်တုန်းက ဆန္ဒပြပွဲတွေလိုမဟုတ်ပါဘူး။
ဆန္ဒပြသူတွေဟာ အဏာကိုတရားမဝင်
ဆုပ်ကိုင်ချင်တဲ့လွှတ်တော်ကိုရော မာရီနို ရဲ့အစိုးရသစ်ကိုရောစိတ်ပျက်နေကြပါတယ်။
သူ့စိုးရသစ်ရဲ့ဝန်ကြီးချုပ်  အန်တီရို ဖလောရက်ဇ် အာရို့(ဇ်) ဟာ ယခင်က ကာကွယ်ရေး အတွင်းရေးမှူးတယောက် ဖြစ်ခဲ့ပြီး ၃၄ယောက်သေဆုံးခဲ့ရတဲ့ အမေဇုံကဒေသခံတိုင်းရင်းသားဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကနှိမ်နင်းဖြိုခွဲခဲ့ပြီးနောက် ၂၀၀၉ခုနှစ်မှာနှုတ်ထွက်ခဲ့ရသူတယောက်
ဖြစ်ပါတယ်။

ပီရူးငြိမ်းချမ်းရေး တက္ကသိုလ် နိုင်ငံရေးခွဲခြမ်းစိတ်ဖြာသုံးသပ်သူ အယ်လ်ဘာတို ဗာဂါရာက လွှတ်တော်ကအစိုးရအဖွဲ့အသစ်ကို ဟောင်းနွမ်း၊ခါးသည်း၊ပုတ်သိုးနေပြီး ကမ္ဘာကြီးနဲ့ကင်းလွတ်နေတဲ့တဲ့အဖွဲ့လို့ စရိုက်လက္ခဏါကိုဖော်ပြခဲ့ပါတယ်။
စနေနေ့အုံကြွမှုတွေမတိုင်ခင်က
မှတ်ချက်ချပြောဆိုခဲ့ရာမှာ မာရီနိုကသူ့ကိုယဆန့်ကျင်ဆန္ဒပြနေကြတာမဟုတ်ဘူးလို့ငြင်းဆန်ခဲ့ပြီး၊လူငယ်တွေဟာကပ်ရောဂါကြောင့်အလုပ်လက်မဲ့ပြဿနာတွေပေါ်ပေါက်လာပြီး၊သူတို့ရဲ့ပညာရေးတွေဆုံးခန်းတိုင်အောင်မသင်ယူနိုင်ကြလို့ စီတန်းလှည့်လည်နေကြတာလို့ပြောခဲ့ပါတယ်။ပီရူးနိုင်ငံဟာကိုဗစ်-၁၉ကူးစက်သူလူနာတွေကမ္ဘာ့အမြင့်မားဆုံးသေဆုံးမှုနှုန်းရှိခဲ့တဲ့နိုင်ငံဖြစ်ပြီး၊လက်တင်အမေရိကမှာစီးပွါးရေးအဆိုးဝါးဆုံးထိခိုက်ကျဆင်းနေတဲ့ နိုင်ငံအဖြစ်တွေ့မြင်ရပါတယ်။
အမျိုးသားသတင်းစာဆရာများအစည်းအရုံးရဲ့အဆိုအရ တနင်္လာနေ့ နဲ့ အင်္ဂါနေ့အကြား မီဒီယာအဖွဲ့ဝင်တွေ ၃၅ကြိမ်တိုက်ခိုက်တာခံခဲ့ရတယ်လို့သိရပါတယ်။အားလုံးနီးပါးဟာ ရဲအရာရှိတွေရဲ့ တိုက်ခိုက်တာကိုခံခဲ့ကြရတာဖြစ်ပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေက ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပေါ်အကြမ်းဖက်ဖြိုခွဲတာတွေ၊နေအိမ်တွေ ဆေးရုံတွေအနီးအနားမှာ မျက်ရည်ရည်ဗုံးသုံးစွဲတာတွေ၊စီတန်းလှည့်လည်သူတွေကိုဖမ်းဆီးထိန်းသိမ်းတာတွေကို အထောက်အထားတွေနဲ့တကွ မှတ်တမ်းတင်ထားကြပြီးဖြစ်ပါတယ်။

(Ref:FRANCE-24 With AFP ,AP and REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •