လူ့အခွင့်အရေးအုပ်စုများ နဲ့ (SNJ)စာနယ်ဇင်းသမားများသမဂ္ဂက ဆန္ဒပြပွဲတွေမှာ ပါရီရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်မှုကို ကန့်ကွက်ရှုံ့ချ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူ့အခွင့်အရေးအုပ်စုများ နဲ့ (SNJ)စာနယ်ဇင်းသမားများသမဂ္ဂက ဆန္ဒပြပွဲတွေမှာ ပါရီရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်မှုကို ကန့်ကွက်ရှုံ့ချ”

December 14, 2020

လူ့အခွင့်အရေးအုပ်စုအတော်များများ နဲ့ စာ နယ် ဇင်းသမဂ္ဂတွေက အငြင်းပွါးဖွယ်လုံခြုံရေးဥပဒေပြဌန်းမှုအပေါ် အရင်တနေ့က လုပ်ဆောင်ခဲ့ကြတဲ့ နောက်ဆုံးဆန္ဒပြပွဲတွေမှာသူတို့ခေါ်ဝေါ်တဲ့ ပါရီရဲတပ်ဖွဲ့ရဲ့ “ထင်တိုင်းကြဲတဖက်သတ်ဖမ်းဆီးမှုများ”ကို တနင်္ဂနွေနေ့က လူသိရှင်ကြား ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။
စနေ၊တနင်္ဂနွေရက်တွေမှာဆက်တိုက် ဆင်နွှဲနေကြတဲ့ ၃ကြိမ်မြောက် ဆန္ဒပြချီတက်ပွဲ
နဲ့ လူထုစည်းဝေးပွဲတွေမှာ ရဲအရာရှိတွေက
လူပေါင်း၁၅၀ကိုဖမ်းဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့ဆန္ဒ
ပြပွဲ ၂ကြိမ်မှာ အကြမ်းဖက်မှုများနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။
လူ့အခွင့်အရေးအုပ်စုများ နဲ့ (SNJ)စာနယ်ဇင်းသမားများသမဂ္ဂကထုတ်ပြန်တဲ့ကြေညာချက်မှာ “စီတန်းလှည့်လည်မှုတွေကိုဖြိုခွဲဖျက်ဆီးနေတဲ့အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု နဲ့ တရားမျှတမှုကင်းမဲ့တဲ့တရားစွဲဆိုမှု” နဲ့ “တရားဝင်အကြောင်းပြချက်မရှိတဲ့အတွက်”လူတွေကိုဥပဒေဘေါင်ကျော်လွန်ပြီးဖမ်းဆီးအကျဥ်းချမှုတွေအဖြစ်ပြစ်တင်ဝေဖန်ထားပါတယ်။စာနယ်ဇင်းသမား၂ယောက်အပါအဝင်လူပေါင်း ၁၂၄ယောက်ကိုဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။သူတို့တွေထဲက ၁ယောက်ကို နောက်ဆုံးမှာ တရားမစွဲပဲပြန်လွှတ်ပေးခဲ့တယ်လို့ SNJ
စာနယ်ဇင်းသမားများသမဂ္ဂ က အီမန်နျူယယ်
ဗိုင်ရာ ကပြောပါတယ်။

QGသတင်းမီဒီယာ နဲ့ အလုပ်လုပ်တဲ့အ ခြားသတင်းထောက် တယောက်ကို လူစုခွဲခိုင်းတဲ့အမိန့်ကိုလိုက်နာခြင်းမရှိပဲ မျက်နှာကို ဖုံးကွယ်ထားတာကြောင့် အကြမ်းဖက်ဖို့စိတ်ကူးနဲ့ လူစုဝေးတယ်လို့ သံသယရှိခြင်းခံရပါတယ် လို့ QGသတင်းမီဒီယာတည်ထောင်သူ အော်ဒီလန်ဆယ်လင် ကပြောပြပါတယ်။သူကရိုးရိုးသားသားပဲ အကာအကွယ်ရအောင် နှာခေါင်းစီးမျက်နှာဖုံးတပ်ဆင်ထားတာပါလို့လန်ဆယ်လင်ကပြောပါတယ်။
“ပြင်သစ်ပြည်ထဲရေးဝန်ကြီးဂျာရယ် ဒါမန်နင်က ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုတွေကို
တဦးတယောက်ချင်းစီရဲ့ ဆောင်ရွက်ချက်သက်သက်သာဖြစ်တယ်လို့ပြောဆိုပြီးဖုံးကွယ်ဖယ်ရှားဖို့ကြိုးစားပါတယ်။
သူရဲ့ရဲတပ်ဖွဲ့ကိုကာကွယ်နေမှုဟာ ဒီပြဿနာဟာ ပိုပြီးစံနစ်တကျဖြစ်ပျက်နေတာကိုပြသပါတယ်။”
ကင်းနက်သ် ရော့(သ်) (@KenRoth)13December,2020
အထက်ပါစာဟာတွစ်တာမှာရေးသားထားတာကိုတွေ့မြင်ကြရတာဖြစ်ပါတယ်။
ပါလီမန်အောက်လွှတ်တော်မှာ အတည်ပြုပြဌန်းခဲ့တဲ့ လုံခြုံရေးဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ပြင်သစ်ပြည်အနှံ့အပြားမှာစနေနေ့က ဖြစ်ပွါးခဲ့ပါတယ်။”ဒီဥပဒေကြမ်းဟာပြည်သူတွေ နဲ့ စာနယ်ဇင်းသမားတွေအတွက်ရဲတပ်ဖွဲ့ရဲ့ရုန့်ရင်းကြမ်းတမ်းမှု နဲ့အကြမ်းဖက်မှုတွေကို အထောက်အထားနဲ့တင်ပြနိုင်ဖို့အတွက် ပိုပြီး
ခက်ခဲသွားစေလိမ့်မယ်လို့ ။”လို့ ဝေဖန်ရေးသမားတွေကပြောပါတယ်။
စည်းရုံးလှုံ့ဆော်သူတွေက ပါရီဆန္ဒပြပွဲမှာ လူ ၁၀၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ပြောဆိုပေမယ့် ရဲတပ်ဖွဲ့
ကတော့ အဲ့ဒီ့တဝက်မျှသာရှိတယ် လို့ပြောပါတယ်။
ပါရီစီတန်းလှည့်လည်ဆန္ဒပြပွဲတွေမှာ
ကြီးကြီးမားမားဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ဖြစ်ရပ်မျိုးတွေမရှိခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးက “အကြမ်းဖက်မှုတွေကျူးလွန်ဖို့ လူရမ်းကားရာပေါင်းများစွာထွက်လာကြပြီ။”လို့ပြောဆိုခဲ့ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •