တတိယအကြိမ်လွှတ်တော်အသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည့် တပ်ကိုယ်စားလှယ်စာရင်း ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်
နေပြည်တော်၊ဒီဇင်ဘာ၃၁ရက်
၂၀၂၀နိုဝင်ဘာ၈ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီဖြစ်သော အထွေထွေရွေးကောက်ပွဲမှတဆင့် ပြည်သူလူထု၏ သဘောဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခံရသော ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်တက်မည့်တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊တပ်မတော်သားတိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။
တည်ဆဲဥပဒေနှင့်အညီတပ်မတော်ကာကွယ်ရေ းဦးစီးချုပ်ကပေးပို့လာသော စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။