“ယူဂန်ဒါ သမ္မတ မူဆီဗင်နီ ခြောက်ကြိမ်မြောက် သမ္မတသက်တမ်း အနိုင်ရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ယူဂန်ဒါ သမ္မတ မူဆီဗင်နီ ခြောက်ကြိမ်မြောက် သမ္မတသက်တမ်းကိုအနိုင်ရ”

January 17,2021

ယူဂန်ဒါ သမ္မတ ယိုဝါရီ မူဆီဗင်နီဟာ စနေနေ့မှာ ပြည်လည်ရွေးကောက် တင်မြှောက်ခံရပြီးအောင်ပွဲခံခဲ့တယ်လို့ ရွေးကောက်ပွဲအရာရှိတွေက ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အဓိကပြိုင်ဘက် ဘော်ဘီဝိုင်းက
တော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်
ဆိုပြီး ပြည်သူတွေကရွေးကောက်ပွဲရလဒ်ကို
ငြင်းဆန်ဖို့ပြောဆိုခဲ့ပါတယ်။
မူဆီဗင်နီက မဲ ၅.၈၅သန်း (သို့မဟုတ်)
၅၈.၆ရာခိုင်နှုန်းရရှိပြီး၊ အဓိကယှဉ်ပြိုင်အရွေးခံသူ ဝိုင်း က မဲ ၃.၄၈သန်း(သို့မဟုတ်)၃၄.၈ရာခိုင်နှုန်းရရှိခဲ့
တယ်လို့ ရွေးကောက်ပွဲကော်မရှင်က
ကြာသပတေးနေ့ရွေးကောက်ပွဲက နောက်ဆုံး
ရလဒ်တွေကို သတင်းစာရှင်းလင်းပွဲတခုကျင်းပပြီးပြောဆို
ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အာဖရိက
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တခုက ရွေးကောက်ပွဲမှာ မူမမှန်တာတွေရှိခဲ့တယ်
လို့ပြစ်တင်ပြောဆိုခဲ့ပြီး အသက်၃၈နှစ်အရွယ်အဆိုတော်ကနေဥပဒေ
သမားဖြစ်လာတဲ့ ဝိုင်းက ယူဂန်ဒါနိုင်ငံက လူ
ငယ်တွေကို သူနောက်ကနေပြီး နိုင်ငံရေးအပြောင်းအလဲဖြစ်အောင်လုပ်ဆောင်ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်တွေဟာ လုံးဝအလိမ်အညာတွေလို့ပြောဆိုခဲ့ပါတယ်။
မြို့တော်ကမ်ပါရာရှိသူ့ရဲ့နေအိမ်ထဲကနေ
တယ်လီဖုန်းဖြင့် အင်တာဗျူးတခုပြုလုပ်ပြီး
ပြောဆိုရာမှာ “ဒါဟာ စစ်တပ် နဲ့ရဲတပ်ဖွဲ့က
ကျင်းပပေးခဲ့တဲ့ရွေးကောက်ပွဲတခုပါ။”လို့
ပြောဆိုခဲ့ပါတယ်။သူ့နေအိမ်ကိုစစ်သားတွေ
ဝိုင်းထားပြီးသူ့ကိုဘယ်မှထွက်ခွါမသွားဖို့တားမြစ်ထားတယ်လို့သူကပြောပါတယ်။
“မူဆီဗင်နီရဲ့ အစိုးရဟာ ဘယ်လောက်အထိအာဏာရှင်ဆန်သလဲဆိုတာနောက်ထပ်ပြသလိုက်တာပဲ။”
“အကြီးအကျယ်အဂတိလိုက်စားမှုတွေ”လို့
ခေါ်ဆိုပြီး အဆုံးသတ်ဖို့လှုပ်ရှားဆောင်ရွက်နေတဲ့ ဝိုင်းက
“ဒီမိုကရေစီကို သရော်လှောင်ပြောင်မှုတခုပဲ”
လို့ထပ်ပြောပါတယ်။
စစ်တပ်ရဲ့လက်ထောက်ပြောရေး ဆိုခွင့်ရှိသူဒီအိုအာကီကီ က “ဝိုင်းရဲ့နေအိမ်မှာရှိနေတဲ့ လုံခြုံရေးအရာရှိတွေက သူအပြင်ထွက်ရင်
အန္တရယ်ကြုံတွေ့ရနိုင်တာကြောင့် ထားပေးရတာပါ။”ဒါကြောင့် သူအပြင်ထွက်မှာကို သူတို့က သူ့လုံခြုံရေးအတွက်တားဆီးကောင်းတားဆီးနိုင်ပါတယ်။”လို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကြေညာပြီးတဲ့
နောက်သာမာန်အားဖြင့် ပျားပန်းခတ်မျှစည်ကားနေတဲ့ကမ်ပါလာမြို့မှာ နေထိုင်ကြတဲ့သူတွေအားလုံးဟာ ညရောက်လာတာနဲ့ ထူးထူးခြားခြားတိတ်ဆိတ်နေကြပါတယ်။
တနေ့လုံးကင်းလှည့်နေကြတဲ့စစ်သားတွေ နဲ့
ရဲတွေဟာ လမ်းတွေပေါ်မှာအများအပြားရှိနေ
ကြတုန်းပဲလို့ မျက်မြင်သက်သေတွေကပြောကြပါတယ်။
ရာပေါင်းများစွာသောသမ္မတကိုထောက်ခံ
သူတွေဟာ မဲရေတွက်ရာနေရာတွေဆီကနေ
မြို့ထဲကိုဆိုင်ကယ်များစီးနင်းပြီးလှည့်လည်
ကြပါတယ်။မြို့ထဲမှာသမ္မတရဲ့မျက်နှာပုံပါတဲ့
ပိုစတာတွေကိုင်ဆောင်ထားပြီးကခုန်ကြ ပါတယ်။အသက်၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့
မူဆီဗင်နီဟာ အာဏာကိုထိန်းချုပ်ထားတာ
၃၅နှစ်ရှိပြီဖြစ်ပါတယ်။သူရဲ့ကာလရှည်ကြာ
သမ္မတအဖြစ်ထမ်းဆောင်ခဲ့တဲ့အတွေ့အကြုံကြောင့် သူ့ကိုခေါင်းဆောင်ကောင်းတယောက် ဖြစ်လာစေပြီး တည်ငြိမ်ရေး နဲ့ တိုးတက်ဖွံ့ဖြိုး
ရေးကိုဆက်လက်လုပ်ဆောင်သွားမယ်လို့
ကတိပြုပြောဆိုနေပါတယ်။
ဝိုင်း ရဲ့ နာမည်အစစ်အမှန်က ရောဘတ်
ကြာဂူလန်ယီ ဖြစ်ပြီး သူကတိုင်းပြည်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်စေဖို့ သူခေါ်ဆိုတဲ့
အာဏာရှင်စံနစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့အကျင့်ပျက်ခြစားမှုတွေကိုအဆုံးသတ်အောင်တိုက်ဖျက်ဖို့
ယူဂန်ဒါ လူငယ်ထုကို လှုံ့ဆော်ပေးခဲ့သူဖြစ်ပါတယ်။
သောကြာနေ့မှာ ဝိုင်းက ရွေးကောက်ပွဲမှာမဲသမာမှုလုပ်တာ သူ့မှာဗီဒီယိုသက်သေအခိုင်အမာရှိထားပြီး
အင်တာနက်အဆက်အသွယ်ရတာနဲ့ချက်ချင်း
ထုတ်လွှင့်ပေးမယ်လို့ပြောဆိုခဲ့ပါတယ်။
အစိုးရကရွေးကောက်ပွဲမတိုင်ခင်တရက်က
အင်တာနက်ပိတ်ထားဖို့အမိန့်ပေးခဲ့ပြီး ခုအချိန်
အထိအင်တာနက်ပြတ်တောက်နေဆဲဖြစ် ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဆိုင်မွန်
ဗျာဘာကာမာက သက်သေပြဖို့တာဝန်က
ဝိုင်းနဲ့အတူပြီးဆုံးသွားပြီလို့ပြောခဲ့ပါတယ်။
ဝိုင်းရဲ့ပြောဆိုချက်ကို ရိုက်တာက တသီးတခြားအတည်ပြုဖော်ပြမထားပါဘူး။
အာဖရိကရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးညွန့်ပေါင်းအဖွဲ့က အရပ်ဒေသ
၁၄၆ခုမှာ စောင့်ကြည့်လေ့လာသူ၂၀၀၀ကို
ခန့်အပ်ထားပါတယ်။သူတို့က ထုတ်ပြန်ချက်တခုမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမသမာမှုတွေ တွေ့
ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်။မဲရုံအတော်များများကိုနောက်ကျပြီးမှဖွင့်လှစ်တာ၊မဲစာရွက်တွေပျောက်ဆုံးတာ နဲ့ မဲပုံးတွေကို တရားမဝင်ဖွင့်ဖောက်ခဲ့တာတွေ ရှိတယ်လို့ဆိုပါတယ်။
အာဖရိကန်သမဂ္ဂ နဲ့ အရှေ့အာဖရိကန်
လူမှုအဖွဲ့အစည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေစေလွှတ်ပေး
ခဲ့ပါတယ်။ဒါပေမဲ့ ဘယ်အရာရှိအုပ်စုကမှ
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မသမာမှုရှိတယ်ဆိုတာကို ဝေဖန်ချက်ပေးဖို့
တောင်းဆိုတာတွေကို မတုန့်ပြန်ခဲ့ကြပါဘူး။
ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု
ကရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေမစေလွှတ်ခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စု အစိုးရဌာနက အာဖရိကအတွက်ထိပ်တန်း သံတမန် တီဘော်
နာဂီ က “ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာအခြေခံအားဖြင့်တော့ချို့ယွင်းအားနည်းချက်တွေရှိခဲ့ပါတယ်။”လို့ စနေနေ့အစောပိုင်းက တွစ်တာမှာ
ရေးသားခဲ့ပါတယ်။
သူကမသမာတဲ့ဆောင်ရွက်ချက်တွေကို အကိုးအကားနဲ့တင်ပြခဲ့ပါတယ်။ရွေးကောက်ပွဲ
စောင့်ကြည့်လေ့လာသူတွေကို တရားဝင်အသိအမှတ်ပြုဖို့ငြင်းပယ်ခဲ့တာတွေ၊
အတိုက်အခံအဖွဲ့ဝင်တွေအပေါ်မကြာခန ရန်ပြု
တိုက်ခိုက်အကြမ်းဖက်တာတွေ၊တက်ကြွလှုပ်ရှားတဲ့အရပ်သားလူမှု အဖွဲ့အစည်းတွေကို ဖမ်းဆီးအရေးယူတာတွေ
ကို တင်ပြခဲ့ပါတယ်။
မဲပေးစဉ်နဲ့မဲရေတွက်နေစဉ် အတောအတွင်းမှာ နိုင်ငံအနှံ့အပြား ရွေးကောက်ပွဲနဲ့ ပတ်သက်ဆက်နွယ်တဲ့ ရာဇဝတ်ပြစ်မှု ၄၂မှုဖြစ်ပွါးခဲ့တာကိုရဲကမှတ်တမ်းတင် ထားတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ
ဖရက်ဒ် အီနန်ဂါ ကNBS TVကိုသောကြာနေ့ည
ကပြောဆိုခဲ့ပါတယ်။

ပြစ်မှုတွေထဲမှာ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတွေ၊မဲပေးသူကမသမာမှုလုပ်တာတွေ၊ခိုးမှု နဲ့
ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို
ဖက်ဆီးမှုတွေပါဝင်တယ်လို့ဆိုပါတယ်။

ကြာသပတေးနေ့ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆဲကာလတွေဟာ အရင်ရွေးကောက်ပွဲကာလတွေတုန်းကထက်ပိုပြီး ပြင်းထန်ခက်ခဲခဲ့ပါတယ်။ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုတွေလုပ်နေစဉ်အတောအတွင်းမှာ အတိုက်အခံရွေးကောက်ပွဲဝင်သူတွေနဲ့ ထောက်ခံအားပေးသူတွေကိုရဲတပ်ဖွဲ့ကဖြိုခွဲ နှိမ်နင်းခဲ့ပါတယ်။အဖြစ်အပျက်ပေါင်းများစွာမှာတခုအပါအဝင်ဖြစ်တဲ့ နိုဝင်ဘာလက ဆန္ဒပြပွဲတွေမှာ လူ၅၀
ကျော်သေ ဆုံးသွားခဲ့ရပြီး ဝိုင်း လည်းအဖမ်းခံ
ခဲ့ရပါတယ်။
အင်တာနက်တွေပိတ်ထားတဲ့အပြင်
အစိုးရဟာ အင်္ဂါနေ့မှာ ဆိုရှယ်မီဒီယာအားလုံး
သတင်းပေးပို့မှုစီအစဉ်အားလုံးကိုတားမြစ်ခဲ့ပါ
တယ်။ဝိုင်းနဲ့သူ့ကိုထောက်ခံသူတွေဟာ လှုပ်ရှားမှုသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်ဖို့ Facebookကိုမကြခန
အသုံးပြုခဲ့ကြပါတယ်။
လွှတ်တော်တွင်းရွေးကောက်မှုမှာ ယှဉ်ပြိုင် အရွေးခံသူတွေဟာ ထိုင်ခုံနေရာ
၅၂၉နေရာအတွက်ယှဉ်ပြိုင်နေကြရပါတယ်။
ရလဒ်တွေထွက်ပေါ်လာနေတုန်းပဲဖြစ်ပေမဲ့
ဝိုင်းဦးဆောင်တဲ့
အမျိုးသား ညီညွတ်ရေးစင်မြင့်ပါတီ(NUP)က
အရွေးချယ်ခံကိုယ်စားလှယ်၅၆ယောက် အနိုင်ရရှိနေပြီး အရင်က အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ “ဒီမိုကရက်တစ်အပြောင်းအလဲအတွက် ဟစ်တိုင်”ပါတီ(FDC)က ၃၄ နေရာ ခုအချိန်အထိ အနိုင်ရရှိနေပါတယ်။
တိုင်းပြည်ရဲ့ဒုတိယသမ္မတ အက်ဒွပ် ဆီကန်နီဟာ သူတို့ရဲ့ထိုင်ခုံနေရာတွေဆုံးရှူံးသွားခဲ့တဲ့ လက်ရှိအုပ်ချုပ်နေတဲ့ပါတီရဲ့ဝါရင့်ဥပဒေပြုသူ
တွေထဲက တယောက်အပါအဝင်ဖြစ်ပါတယ်။”
လို့NTVယူဂန်ဒါအသံလွှင့်ဌာနကကြေညာပါ
တယ်။
FDCဟာ၂၀၁၆ခုနှစ်ရွေးကောက်ပွဲတုန်းက
နေရာ၃၆နေရာအနိုင်ရရှိခဲ့ပြီး၊NUPကတော့အရင်ပါလီမန်ရွေးကောက်ပွဲမှာ
တနေရာမှ အနိုင်ရခဲ့ခြင်းမရှိခဲ့ပါဘူး။ထိုစဉ်ကဝိုင်းဟာတသီးပုဂ္ဂလအနေနဲ့အရွေးခံခဲ့ပြီး၊မနှစ်ကမှာပါတီထဲကိုဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Ref:(FRANCE-24 With REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •