အာဏာသိမ်း အဖွဲ့၏ ရွေးကောက်ပွဲ ဆိုသည်အား ကုလသမဂ္ဂ ပယ်ချ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာဏာသိမ်း အဖွဲ့၏ ရွေးကောက်ပွဲ
ဆိုသည်အား ကုလ ပယ်ချ
– ဩစတေးလျ ဒုစစ်ဦးချုပ်မှ စိုးဝင်းထံ
ဖုန်းဆက် သတိပေး
•••••••••••••••••••••••••••••••

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်
ခရစ်စတင်း ရှရေနာ ဘာဂင်ဂါမှ၎င်းတို့ ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲသည် ၎င်းတို့လိုလားသူကိုအနိုင် ရအောင် ဖန်တီးပြီး အာဏာလွှဲပေးမည့် အစီအစဉ်သာ ဖြစ်သည်ကို NLDအဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးနေခြင်းကပင် ထင်ရှားနေပြီ ဖြစ်ကြောင်း ပြင်သစ် ရုပ်သံ France24 နှင့် တွေ့ဆုံခန်းတွင် အာဏာသိမ်း အဖွဲ့၏ လမ်းပြမြေပုံကို ပယ်ချလိုက်ပြီ ဖြစ်သည်။ ဒေါ်အောင်
ဆန်းစုကြည်နှင့်လည်း အမြန်ဆုံး တွေ့ချင်ကြောင် းလည်း တောင်းဆိုလိုက်သည်။

ဩစတေးသျ ဒု ကာကွယ်ရေး ဦးစီးချုပ်မှမြန်မာနိုင်ငံ အတွင်း အခြေအနေများကိုစိုးရိမ်မကင်း ဖြစ်ရကြောင်း၊ အရပ်သားများကို အင်အားသုံးခြင်းမှ ရှောင်ကျဉ်ဖို့
လိုကြောင်း၊ ၎င်း၏ နိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တန်နဲလ် နှင့် အရပ်ဖက်ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်ပြောဆိုခဲ့သည်။ သို့သော် ဩစတေးသျ ဒုစစ်ဦးစီးချုပ်မှ ၎င်းတို့ အပေါ် အသိအမှတ် ပြုသည့် သ‌ဘောမသက်ရောက်စေရန် အထူးသတိထား ပြောဆိုသွားသည်ဟု သတင်းများက ဆိုသည်။

စိုးဝင်းမှ မိမိတို့ တပ်မတော်သည် ဩစတေးသျ ကဲ့သို့ ဒီမိုကရေစီ တပ်မတော်ကြီးဖြစ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခွင့်ကို လေးစားပါကြောင်း ပြန်ပြောခဲ့သည်ဟု သိရသည်။

သို့သော် လူ့အခွင့်အရေး အဖွဲ့များက ဩစတေးသျ လုပ်ရပ်သည် ၎င်းတို့အပေါ် တရားဝင် အသိအမှတ် ပြုသလို ဖြစ်သွားသည်ဆိုကာ ရှုတ်ချခဲ့ကြသည်။ ဩစတေးသျ အဖို့လည်း ၎င်းတို့၏ နိုင်ငံသားအား ဖမ်းထားသူများနှင့် မဖြစ်မနေ ဆက်သွယ်ရဖို့ ဖြစ်လာခဲ့သည်။

အင်္ဂါနေ့က ကမ္ဘာထိတ်တန်း စက်မှု နိုင်ငံကြီးများ ပါဝင်သော G-7 နိုင်ငံကြီးများနှင့် အီးယူ အဖွဲ့ဝင် နိုင်ငံများ အားလုံးက ၎င်း၏ အာဏာသိမ်းလုပ်ရပ်ကို တညီ
တညွတ်တည်း ရှုတ်ချလိုက်ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းပါက ဖြစ်လာသမျှ အတွက် တာဝန်ယူရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

ဗြိတိန်မှ စစ်ကောင်စီဝင်များ ဖြစ်သောစိုးထွဋ်၊ မြထွန်းဦး နှင့် ပြည်ထဲရေး ဒုဝန်ကြီးဆိုသူ သန်းလှိုင်တို့အား ထပ်မံ၍ဒဏ်ခတ် အရေးယူလိုက်ပြန်သည်။

အာဏာသိမ်းအဖွဲ့ အနေဖြင့် ယခုလိုအတန်တန် သတိပေးနေသည့်ကြားမှ လူထုအား ယခုထက် ပို၍ အကြမ်းဖက်လာမည် ဆိုက ကုလသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ကြီးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ယခုပင် နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့ပေါင်း ၁၄၀ ကျော်နှင့် အခြား မြို့ပြအဖွဲ့အစည်းပေါင်းစုံမှ တကမ္ဘာလုံး မှ စစ်လက် နက်နှင့် စစ်သုံးပစ္စည်းများ ရောင်းချခြင်း
ကို ပိတ်ပင်သွားရန် ကုလ လုံခြုံရေးကောင်စီသို့ စာရေးတောင်းဆိုနေပြီ ဖြစ်သည်၊ စစ်သုံးပစ္စည်းဆိုရာတွင် ထရပ်ကားများကအစ လမ်းလျှောက်စကားပြောစက်များ အထိ ပါရှိသည်။

လက်ရှိ တွင် ရိုက်တာ သတင်းများအရ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးသည်ဖေဖေါ်ဝါရီ ၂၅ ရက်နေ့တွင် နေပြည်တော် သို့ စင်းလုံးငှား‌‌ လေယာဉ် ဖြင့် လေးနာရီ ကြာ ခရီးစဉ် အဖြစ် ရောက်ရှိလာမည်ဟု သိရသည်။

အင်ဒိုနီရှားသည်လည်း ၎င်းနိုင်ငံတွင်းရှိ
စစ်တပ် အလယ်အလတ် အဆင့် အရာရှိများ အကြား လှုပ်လှုပ်ရွရွ ဖြစ်လာ နေမှုကို စိုးရိမ်တကြီး ဖြစ်လာနေကာ အာဏာသိမ်းအဖွဲ့၏ လုပ်ရပ် အား အာဆီယံ အပါအဝင် နိုင်ငံတကာက လက်မခံကြောင်း စံနမူနာ ဖြစ် ပြနိုင်ရန် လိုအပ်နေ၍ ရှေ့တန်းမှ ပါဝင်လာခြင်းသာဖြစ်သည်၊ အင်ဒိုမှ ၎င်းတို့၏ ရွေးကောက်ပွဲ ကျင်းပပေးရန် ကို အာဆီယံ သဘောထား အဖြစ် ဖေါ်ထုတ်ရန် ကြိုးပမ်းလာမှုကို မြန်မာလူထု၏ ပြင်းထန်စွာ ကန့်ကွက် လာမှုကြောင့် လေသံ ပြောင်းသွားပြီ ဖြစ်သည်။

မြန်မာ ဆိုင်ရာ ကုလ လူ့အခွင့် အရေး သံတမန် တွမ် အင်ဒရူး၏ စကားအရ မြင်ရသူများ အသက်ရှုမှားမတတ် နိုင်ငံတွင်း လူ့သမုဒ္ဒရာကြီး ပေါ်ထွန်းလာနေချိန်၊ ဘဏ် လုပ်ငန်းများ အပါအဝင် ကဏ္ဍ အတော်များများတွင် လုပ်ငန်းများ ရပ်တန့်နေချိန်များတွင် အခြေအနေများအား ၎င်း ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ကို ပြသနိုင်ရန် မင်း‌အောင်လှိုင်သည် စစ်ကောင်စီ အစည်းအဝေး ကို ခေါ်ယူပြီး တိုင်းပြည် စီးပွားရေး ပြန်လည်ဦးမော့အောင် လုပ်ဆောင်ကြပါ ဟု ရေရွတ်မြည် တမ်းသွားပြန်သည်။

အစည်းအဝေး တက်ရောက်သူများကလည်း တန်ဖိုးရှိလှသော စကားများအဖြစ် ခံယူကာ လိုက်လံရေးမှတ်ကြပြီး လူမရှိသော ၎င်းတို့၏ ဌာနများသို့ပြန်ကာ စာတတန်ပေတတန် ထုတ်ပြန်ကြပေဦးမည်။

တိုင်းပြည်သည် ယခုအခါ ကိုယ်ဘာလုပ်နေမှန်းကို ကိုယ်မသိသော လူများ၏ လက်ဝယ်ရောက်ရှိနေပြီ ဖြစ်သည်။

ရန်ကုန်ရှိ အာရှ တိုက်သား ရင်းနှီးမြုပ်နှံသူတဦးက မြန်မာသည် အရှေ့တောင်အာရှနိုင်ငံမျာ းအကြား ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ အဖြစ် ရှိနေခြင်းမှာ ၎င်း၏ ‌အခေါ်
Bonkers သူရုး များက ထိပ်ပိုင်း ရောက်နေသောကြောင့်ဟု ခပ်ကြမ်းကြမ်း မှတ်ချက်ချသွားခဲ့ပြီး လက်ရှိ အာဏာ သိမ်းသည့် လုပ်ရပ်ကြောင့် သွားနေသည့် လမ်းကြောင်းမှ လုံးဝသွေဖည်သွားပြီ ဖြစ်သည်ဟု ပြောသွားကြောင်း Nikkei AsiaReview တွင် ဖေါ်ပြထားသည်။

ထိုအချိန်တွင် ကမ္ဘာတဝှမ်းက ၎င်းတို့အားစီးပွားရေး ပိတ်ဆို့ရန် ကြံဆောင်လာနေကြပြီ ဖြစ်ပြီး ရင်းနှီးမြုပ်နှံသူများကတိုင်းပြည်မှ ထွက်ခွာရန် လှုပ်လှုပ်ရွရွ ဖြစ်လာနေကြသည်။ အမေရိကန် မှ စစ်ကောင်စီ တွင် ကျန်နေသေးသည့် နှစ်ယောက်အား ထပ်မံ၍ နာမည်ပျက်စာရင်းထဲ ထည့်သွင်း ပိတ်ဆို့လိုက်ပြန်သည်။

စင်္ကာပူရှိ ဗဟိုဘဏ် မှ ၎င်းတို့၏ ဘဏ်များထဲသို့ မြန်မာပြည်မှ ငွေများ သိသိသာသာ အပ်နှံထားသည်ကို မ‌တွေ့ရကြောင်းနှင့် ပိတ်ဆို့ဒဏ်ခတ်ခံထားရသော ပုဂ္ဂိုလ်
များ၏ ငွေကြေး စီးဝင်မှုကို ဥပဒေနှင့်အညီ သေချာစွာ ‌စောင့်ကြည့်သွားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

စင်္ကာပူ သင်္ဘောကုမ္ပဏီ ဖြစ်သော Transworld မှလည်း ၎င်းတို့ပိုင် သင်္ဘောများ သည် စစ်တပ်ပိုင် ဆိပ်ကမ်းများကိုထပ်မံ အသုံးပြုတော့မည် မဟုတ်ဟု ဆိုသည်။

ကမ္ဘာအလုပ်သမား အဖွဲ့ချုပ်ကြီးမှလည်းအလုပ်သမား သမဂ္ဂ ဝင်များကို ညအချိန်မတော် တအိမ်တက်ဆင်း လိုက်လံ ရှုာဖွေဖမ်းဆီးနေမှုများ အပေါ် ရပ်တန့်ရန် တောင်း ဆိုလိုက်ပြီး အထူးသဖြင့် လှိုင်သာယာ စက်မှုဇုံ အတွင်း မိသားစု နှင့် ခွဲကာ လာရောက် လုပ်ကိုင်နေကြရသည့် အမျိုးသမီးငယ်လေးများ၏ လုံခြုံမှုကို စိုးရိမ်ပူပန်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်တပ်အဖို့ ၎င်းတို့လုပ်နေကျ နည်းလမ်းများကို ထုတ်သုံးရန် အခွင့်မသာ ဖြစ်လာသည်နှင့်အမျှ ဩဇာအာဏာ ကျလာနေပြီးစစ်တပ်နှင့် ရဲများကို လမ်းပေါ်တွင် လူထု
နှင့် ကြာရှည်စွာ ထိပ်တိုက် ရင်ဆိုင် ခိုင်းထား ရပြီ ဖြစ်သဖြင့် ၎င်းတို့အတွက် လွန်စွာမှ အန္တရာယ်များလှသည့်နည်းကို ကျင့်သုံးနေရပြီ ဖြစ်သည်။

တချိန်တည်းမှာပင် ပြည်သူများဖက်က နှစ်ငါးလုံးကဲ့သို့ နိုင်ငံအနှံ့ အထွေထွေ သပိတ်တိုက်ပွဲကြီးကို အချိန်မရွေး ပြုလုပ်နိုင်သည့်အထိ လွန်စွာ စည်းလုံးညီညွတ်သည့် အင်အားကိုပိုင်ဆိုင်လာနေပြီ ဖြစ်သည်။

ထို့အတွက် လူထုကြီးမှ ၎င်းတို့၏ မတရား လုပ်ရပ်များကို လုံးဝ အလျော့မပေးပဲ “Fight Until We Win” ဟူသော ကြွေးကြော်သံများ အတိုင်း ဆက်လက် တိုက်ပွဲဝင်သွားမည်သာ ဖြစ်သည်၊ နိုင်ငံတကာ ဖိအားများကို တိုက်ပွဲတပွဲတွင် လက်နက်ကြီး ပြစ်ကူပေးသည်ပုံသာ သဘောထားပြီး စခန်းသိမ်းတိုက်ပွဲကို ကိုယ်တိုင် ကိုယ်ကျ ဆင်နွဲမှ ဖြစ်မည်ဟုလည်း ခံယူလာကြပြီ ဖြစ်သည်။

နိုင်ငံတကာ ဖိအားပေးမှုများက ၎င်းတို့ထင်ထားသည်ထက် များပြားလာနေသဖြင့် စစ်အာဏာသိမ်း အဖွဲ့မှ ‌နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီးကို လွှတ်ပေး
ပြီး ဆွေးနွေးသွားမည်ဟု လူထု လှုပ်ရှားမှု
ကို အရှိန်အဟုန် လျော့ကျသွားရန် လုပ်လာနိုင်သည်၊ မိမိတို့ဖက်မှ ယင်းကို အောင်ပွဲတရပ် အဖြစ်သာ ခံယူပြီး ၎င်းတို့ စစ်ကောင်စီ မဖျက်သိမ်းမခြင်း ဆက်လက် တိုက်ပွဲဝင်သွားမှသာ ဖြစ်ပေမည်၊ သို့မဟုတ်က ၎င်းတို့ဖက်မှ အခြေအနေ ကောင်းလာပြီဟု ယူဆလာသည့် အချိန်တွင် တိုင်းပြည်ခေါင်းဆောင်များကို အချိန်မရွေး ပြန်ဖမ်းနိုင်မည့် အရေးကိုပါ ထည့်တွက်ကြရမည် ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •