လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဆိုအမိန့်များနှင့် မိမိတို့နိုင်ငံအနာဂတ်
“ကျွန်မတို့နေ့စဉ်ဘဝမှာ
ဒီမိုကရေစီကြိုးစားမှုလုပ်နေတယ်ဆိုတာ
ကျွန်မပြည်သူတွေကို
သဘောပေါက်
နားလည်စေချင်တယ် “
“နိုင်ငံနဲ့ပြည်သူအတွက် အဓိကကျတာက
အခက်အခဲတွေ စိန်ခေါ်မူတွေ
အားနည်းချက်တွေမဟုတ်ဘူး
ဘယ်လိုရင်ဆိုင် ကျော်လွှားသွားကြမယ်ဆိုတာကသာ
အဓိကကျပါတယ် “
“ပြည်သူရဲ့နိုင်ငံရေး နိုးကြားမှုဆိုတာ
ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို ဝင်းပစေမယ့်
အလင်းရောင်ဖြစ်တယ် “
“ဒီမိုကရေစီစနစ်ဆိုတာ
လူတိုင်းတစ်ယောက်နဲ့တစ်ယောက်
လေးစားတဲ့ စနစ်ပါပဲ “
“အခြေခံအားဖြင့် အုပ်ချုပ်တဲ့အစိုးရဟာ
ဖြောင့်မတ်ရင် ပွင့်လင်းရင်
ပြည်သူအကျိုးကို ရှေ့မှာ ထားမယ်ဆိုရင်
မဖြေရှင်းနိုင်တဲ့ပြသနာဆိုတာ
မရှိဘူး “
“အစိုးရဆိုတာ
ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီမယ့်
တိုင်းပြည်အကျိုးကိုဆောင်ရွက်ဖို့
အချိန်အကန့်အသတ်စေခိုင်းထားတဲ့
သစ္စာရှိဆုံး ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ရမယ် “
“နိုင်ငံတကာအဆင့်အတန်းကိုရောက်အောင်
နိုင်ငံကို မြှင့်တင်နေတဲ့ နေရာမှာ
ပထမဦးစွာ စိတ်ဓာတ်နဲ့အကျင့်တရားကို
နိုင်ငံတကာ အဆင့်မီအောင်
အရင်လုပ်ရမယ် “
“အစိုးရဆိုတာ
အာဏာနဲ့ ဘြဇာနဲ့
အခွင့်အရေးယူဖို့ မဟုတ်ပါဘူး
ပြည်သူအတွက်
အလုပ်လုပ်ဖို့ပါ “
“ပြည်သူတွေ ပညာတတ်မှ ဗဟုသုတရှိမှ
မသမာသူတွေရဲ့ လှည့်ဖြားမူကိုလည်း
မခံရတော့ဘူး
ကမ္ဘာအလယ်မှာ တင့်တင့် တယ်တယ်ပဲ
နေနိုင်မှာပါ “
အထက်ပါ စကားရပ်များသည် မိမိတို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောမှတ်သားစရာ စကားများဖြစ်ပါတယ်၊
ယခုအချိန်တွင် မိမိတို့ပြည်သူအားလုံးနှင့်လူထုလူတန်းစားအသီးသီး၊ လူမူစီးပွားအဖွဲ့အစည်းများအားလုံးရင်ဆိုင်နေကြရသည်မှာ အစိုးရအင်္ဂ ါရပ်နှင့်လျော်ညီသည့် လုပ်ရပ်နှင့်စောင့်ထိန်းရမည့် ကျင့်ဝတ်များအား စောင့်ထိန်းခြင်းမရှိသော ၊
တရားလက်လွှတ်ဖမ်းဆီး ၊
အကြမ်းဖက် လူသတ် ၊
ငွေကြေး ပစ္စည်းများကို လုယူမူခံနေရသည့်
အခြေအနေများကို ရင်ဆိုင် တွေ့နေကြရပါသည် ၊
မိမိဇာတိနိုင်ငံ၊ မိမိနေအိမ်၊မိမိအခန်း၌ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးများဆုံးရှုံးလာကာ အသက်အိုးအိမ် ဓနလုံခြုံမူ မရှိပါဘဲ၊ကျီးလန့်စာစား ၊
စိုးရိမ်သောကကြီးစွာ နေနေကြရပါတယ် ၊
သို့ကြောင့် မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူပြည်သားများအား ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် မိမိတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်လာပါရန် အသိ သတိ သတ္တိ တစ်ဦးနဲ့တစ်ဦး နားလည်မူ သံသယကင်းစွာပြုမူကြရင်း ၊
သံသယ ဆိုတာ တစ်ဘပ်က သပ်လျှိုလို့အကောင်းဆုံးလုပ်ကွက်တစ်ခုဖြစ်ပါတယ်၊
မိမိတို့အားများကိုလည်း ရုပ်လျော့စေနိုင်ပါတယ် ၊
သို့ဖြစ်ပါသောအခြေအနေ အကြောင်းများကို ထောက်ရှု သုံးသပ်ကြရင်း ၊
စည်းလုံးညီညွတ်မူကို အားပြု၍
စုပေါင်းအင်အားများဖြင့်ဆထက်တိုးကြိုးစား စွမ်းဆောင်ကြပါစို့ ၊
ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး ၊
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို
ချက်ချင်းလွှတ် ချက်ချင်းလွှတ် ၊
သမ္မတကြီးဦးဝင်းမြင့်နဲ့တကွ မတရားဖမ်းဆီးခံထား
ကြသူများကို ချက်ချင်းလွှတ် ချက်ချင်းလွှတ် ၊
Gen Z များကို မတရားဖမ်းဆီးမူ ချက်ချင်းရပ် ချက်ချင်းရပ် ၊
Gen Z များနဲ့ ပြည်သူများအသက် မဆုံးရှုံးဖို့အရေး ကာကွယ်ပေး ကာကွယ်ပေး ၊
ပြည်သူ့အာဏာ ပြည်သူ့ပြန်အပ် ၊
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ ပြည်သူ့အာဏာ ပြန်ရရှိရေး ဒို့အရေး ဒို့အရေး ၊
စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဒို့တာဝန် ဒို့တာဝန် ၊
တရားဥပဒေမဲ့ စစ်ကောင်စီ ချက်ချင်းဖျက် ချက်ချင်းဖျက် ၊
အရေးတော်ပုံ အောင်ရမည် ၊
အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(၉.၃.၂၀၂၁)……….