မန္တလေး မရမ်းခြံဆိပ်တွင် သင်္ဘောမောင်းနှင်သူနှင့် ကုန်တင်ကုန်ချအလုပ်သမားများ စကားများရန်ဖြစ်ရာမှ နှစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မန္တလေး မရမ်းခြံဆိပ်တွင် သင်္ဘောမောင်းနှင်သူနှင့် ကုန်တင်ကုန်ချအလုပ်သမားများ စကားများရန်ဖြစ်ရာမှ နှစ်ဦးသေဆုံး

 

မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ မရမ်းခြံဆိပ်ကမ်းတွင် ဇူလိုင်(၁၅)ရက် ညပိုင်းက သင်္ဘောမောင်းသူ နှစ်ဦးနှင့် ကုန်တင်ကုန်ချ လုပ်သား ငါးဦးတို့ အုပ်စုဖွဲ့စကားများ ရန်ဖြစ်ရာမှ ကုန်တင်ကုန်ချအလုပ်သမား အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်(၁၅)ရက် ညကိုးနာရီကျော်အချိန်ခန့်က မန္တလေးမြို့ (၂၆)လမ်း၊ ကမ်းနားလမ်းရှိ မရမ်းခြံဆိပ်ကမ်း၊ ဆိပ်ခံတံတားအစပ်တွင် သင်္ဘောမောင်းသည့် ညီအကိုဖြစ်သူ မတ္တရာမြို့နယ်၊ မြေစွန်းကျေးရွာနေ သင်္ဘောမောင်းသူ အောင်မြင့်သိန်းကြည်၊ အသက်(၃၃)နှစ်နှင့် ဇင်အောင်၊ အသက်(၂၃)နှစ်တို့နှစ်ဦးသည် ကုန်တင်ကုန်ချ လုပ်ကိုင်သူ အမျိုးသား ငါးဦးတို့နှင့် လူမှုရေးကိစ္စဖြင့် စကားများကြရာ သင်္ဘောမောင်းသူ ညီအကိုနှစ်ဦးက တုတ်၊ သံတူရွင်းတို့ဖြင့် ကိုင်ဆောင်ရန်ပြုခဲ့ရာမှ ကုန်တင်ကုန်ချ လုပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် ဇော်ဝင်းထက်(ခ)ဘောကြီး၊ အသက်(၂၂)နှစ်နှင့် မြင့်မော်(ခ)မော်ကြီး အသက်(၃၈)နှစ် တို့ နှစ်ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲစခန်းမှ စုံးစမ်းဖော်ထုတ်ခဲ့ရာ ကျုးလွန်တဲ့သူများဖြစ်သည့် သင်္ဘောမောင်း အောင်မြင့်သိန်းကြည်၊ အသက်(၃၃)နှစ်နှင့် ဇင်အောင်၊ အသက်(၂၃)နှစ်တို့ညီအစ်ကိုနှစ်ဦးကို ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့ပြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၆) နယ်မြေရဲစခန်းတွင် (ပ)၁၄၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂/၃၂၅/၁၁၄တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •