တံတားဦးတွင် ရေဝင်ရောက်မှုကြောင့် မြေငူအခြေခံပညာအထက်တန်းကျောင်း ခေတ္တပိတ်ထားရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တံတားဦးမြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် မြေငူအခြေခံပညာအထက်တန်းကျောင်း ခေတ္တယာယီပိတ်ထားရ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်တို့ ရေဝင်ရောက်မှုကြောင့် မြေငူအခြေခံပညာအထက်တန်းကျောင်းအား ခေတ္တယာယီပိတ်ထားရကြောင်း သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် မြေငူအခြေခံပညာအထက်တန်းကျောင်းကို ဇူလိုင် (၂၇) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ခေတ္တယာယီပိတ်ထားပါကြောင်း မြေငူအခြေခံပညာအထက်တန်းကျောင်းတွင် ဝန်ထမ်းအင်အား (၃၆) ဦးနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၇၃) ဦး ရှိပြီး လက်ရှိအခြေခံပညာအထက်တန်းအဆင့် Grade-11 တွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၄) ဦး Grade-10 တွင် (၉၂) ဦး ရှိပါကြောင်း ထိုကျောင်းသား၊ ကျောင်းသူများကို ရေများပြန်လည်ကျသည့်အခါ အစားထိုးဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးမိုးဟန်ထံမှ သိရသည်။

တံတားဦးမြို့နယ်၌ လက်ဆောင်ယူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်းများဖြစ်သော ထောက်ရစ်ကျေးရွာ၊ ဇီးပင်ကွေ့ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ဈေးချိုကျေးရွာ၊ အုတ်ကျွတ်ဖိုကျေးရွာ စသည့်မူလတန်းကျောင်းများတွင်လည်း ဒုဌဝတီမြစ်ရေနှင့် ဧရာဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။

ရဲတင့်(တံတားဦး)


Spread the love
  •  
  •  
  •  
  •  
  •  
  •