လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ အတိုးနှုန်းသက်သာသော ချေးငွေစတင်ချေးယူနိုင်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ အတိုးနှုန်းသက်သာသော ချေးငွေစတင်ချေးယူနိုင်ပြီ
—————–
အယ်လ်အန်ဒီ အစိုးရ၏ COVID-19 ကုစားမှု အစီအစဥ်
(CERP) တွင်ပါရှိသည့် လုပ်ငန်းစီမံချက်များကို လက်​တွေ့အ​ကောင်အထည်​ဖော် ​ဆောင်​နေခြင်းဖြစ်​
——————
နေပြည်တော်၊ဩဂုတ်၁၅ရက်

လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ သက်သာသော အတိုး၂ရာခိုင်နှုန်းဖြင့် ချေးငွေစတင်ချေးယူနိုင်ပြီဖြစ်ကာထုတ်ချေးမည့်အစီအစဉ်ကို၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ရက်စွဲဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ကြေညာလိုက်သည်။

 

သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အလိုက် ပုံတွင် ယှဉ်တွဲဖော်ပြထားသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် ချေးငွေသက်တမ်း တစ်နှစ်လျှင် အတိုးနှုန်း (၂)ရာခိုင်နှုန်းဖြင့် ရယူနိုင်မည်ဖြစ်သည်။

လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များသည်ဖော်ပြပါနေရာများသို့ ဆက်သွယ်စုံစမ်း၍ ချေးငွေလျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အယ်လ်အန်ဒီ အစိုးရ၏ COVID-19 ကုစားမှု အစီအစဥ်
(CERP) တွင်ပါရှိသည့် လုပ်ငန်းစီမံချက်များကို လက်​တွေ့အ​ကောင်အထည်​ဖော် ​ဆောင်​နေခြင်းဖြစ်​ကြောင်းသိရသည်။

D -wave


Spread the love
  •  
  •  
  •  
  •  
  •  
  •