ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို လက်မှတ်ထိုးလိုက်ပြီ
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး နောက်ဆုံးနေ့ သြဂုတ် ၂၁ ရက်နေ့ မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီ စာချုပ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည် ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက် (၁၅) ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည် ဖော်မှုတွေနဲ့ ဒီမိုကရေစီ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန် အခြေခံမူ သဘောတူညီချက် ၅ ချက် တို့ ပါဝင်ပါတယ်။
Source – Myanmar State Councillor Office