ရခိုင်မှာ သံသယလူနာတွေကိုသီးသန့်ထားနိုင်ရေး ယာယီစခန်းတွေဆောက်ဖို့ သိန်း ၂၆၀၀ ကျော်ပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရခိုင်မှာ သံသယလူနာတွေကိုသီးသန့်ထားနိုင်ရေး ယာယီစခန်းတွေဆောက်ဖို့ သိန်း ၂၆၀၀ ကျော်ပေးအပ်

ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်စခန်းတွေနဲ့ IDP စခန်းတွေမှာ ပိုးတွေ့လူနာ/ သံသယလူနာတွေကို သီးခြားထားနိုင်ရေးအတွက် ယာယီအဆောက်အဦတွေဆောက်လုပ်ဖို့ ကျပ်သိန်း(၂)ထောင်ကျော်ကို ပြည်နယ်အစိုးရဆီပေးအပ်ခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစီအစဉ်အရ ယာယီအဆောက်အဦ (၃၀)ကျော်အတွက် ငွေကျပ်(၂၆၆,၄၀၀,၀၀ဝ) ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို အခုလ(၂၁)ရက်နေ့က ပေးအပ်ခဲ့တာပါ။

ဒါ့အပြင် ကိုဗစ်ကြောင့် စီးပွားရေးကုစားမှုအစီအစဉ်အရ ရခိုင်ပြည်နယ်မှာရှိတဲ့  IDP စခန်းတွေနဲ့ တိုက်ပွဲရှောင် စခန်းတွေမှာရှိတဲ့ အိမ်ထောင်စု (၄)သောင်းကျော်အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း(၁)သောင်း (၆)ထောင်ကျော်ကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Photo : MSWRR


Spread the love
  •  
  •  
  •  
  •  
  •  
  •