ဇေကမ္ဘာပြတိုက်ကြီး မကြာမီ ခင်းကျင်းပြသနိုင်တော့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဇေကမ္ဘာပြတိုက်ကြီး မကြာမီ ခင်းကျင်းပြသနိုင်တော့မည်

မိမိလူမျိူး၊မိမိတို့သမိုင်းအားအများပြည်သူတို့သိရိလေ့လာနှိုင်အောင်တည်ဆောက်ဖွင့်လှစ်တော့မည့် မြန်မာအမျိုးသားပိုင်မြန်မာ့ပထမဆုံးသော ပြတိုက်ကြီး..
.Zaykabar Museum

ကမ္ဘာ့နိုင်ငံအသီးသီးရှိပြတိုက်ကြီးများနည်းတူခန်းနားထယ်ဝါစွာဖွင့်လှစ်ပြသနိုင်တော့မည်။မြန်မာ့သမိုင်းခေတ်အဆက်ဆက်မှ သမိုင်းဝင် ရှားပါးပစ္စည်းများ၊

Sivapithecus မျိုးနွယ်စုဝင်ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုးနှင့်လက်မောင်းရိုးများ၊ နှစ်သန်း ၃၈၀ သက်တမ်းရှိTrilobite ကျောက်ဖြစ်ရုပ်ကြွင်းများ၊နှစ်သန်း၁၁၀ သက်တမ်းရှိ အင်းဆက်မျိူးနွယ်စုပါဝင်သောမြန်မာ့ပယင်းတွင်းထွက်များ၊ကုန်း/ရေနေ သတ္တဝါတို့၏ မေးရိုး/သွား/ဦးခေါင်းခွံ/ခြေလက်/အရိုး/မစင်စသည့်ကျောက်ဖြစ် ရုပ်ကြွင်းများ၊

သမိုင်းမတင်မှီခေတ်မှသည်ကျောက်/ကြေး/သံ/ပျူ/ပုဂံ/ပင်းပ/အင်းဝ-စသောခေတ်အဆက်ဆက်မှ ကိုလိုနီခေတ်အထိလူ့အသုံးအဆောင်-လက်နက်/အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှုပြခန်းများ-မြန်မာမှုလက်ရာပန်းချီ-ပန်းပု-ရုပ်လုံး/ကြွ ပန်း(၁၀)မျိုးအတတ်ပြခန်းများ-

ယွန်း-စဉ့်-မြေမီးဖုတ်စသောအတတ်ပညာပြခန်းများ/ခေတ်အဆက်ဆက် စိုက်ပျိုးရေးသုံးပစ္စည်းများ/ခေတ်အဆက်ဆက်သုံး ရွှေ/ငွေ/ကြေး/ခဲ ဒင်္ဂါးများ/အလေး/ချိန်ခွင်စသည့်စံနှူန်းပြကရိယာပစ္စည်းများအား တစ်နေရာတည်းတစ်ဝကြီးရှူ့မြင်ခံစားရမည့်ဇေကမ္ဘာပြတိုက်ကြီး…

ကမ္ဘာတွင် မြန်မာ့က မနိမ့်ကျခဲ့သောသမိုင်းသက်သေပုံရိပ်များအား ကမ္ဘာ့Hight Technology နည်းပညာများအသုံးပြု၍စနစ်တကျတည်ဆောက်ပြသနိုင်ပါတော့မည်ဖြစ်ပါကြောင်း။5/9/20


Spread the love
  •  
  •  
  •  
  •  
  •  
  •