ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခွင့် ကြေညာချက်ထုတ်ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာချက်အမှတ်( ၁၇၃ / ၂၀၂၀) ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နဲ့ စပ်လျဉ်းပြီး ကြေညာချက်ကိုစက်တင်ဘာ(၆)ရက် ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ လာမယ့်နိုဝင်ဘာလ(၈)ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း(၆၀)၊ စက်တင်ဘာလ(၈)ရက်နေ့ နံနက် (၆)နာရီကနေ နိုဝင်ဘာလ(၆)ရက်နေ့ ည(၁၂)နာရီအထိ သတ်မှတ်ကျန်းမာရေးစည်းမျဥ်းစည်းကမ်းချက်တွေအတိုင်း စတင်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့လည်းဖော်ပြပါရှိပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •