“မီချီဂန်က ဂျီအိုပီပါတီ ဌာနချုပ်တွေမှာအစွန်းရောက် ရဲတပ်ဖွဲ့အပေါ်ဆန့်ကျင်တိုက်ခိုက်ရေးသားခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“မီချီဂန်က ဂျီအိုပီပါတီ ဌာနချုပ်တွေမှာအစွန်းရောက်နေတဲ့ရဲတပ်ဖွဲ့အပေါ်ဆန့်ကျင်တိုက်ခိုက်ရေးသားခံရ

(8 September 2020),7 hours ago

{ဂျီအိုပီ-GOPဆိုသည်မှာGrand Old Party
အတိုကောက်ဖြစ်ပါတယ်။ရီပတ်ဘလစ်ကန်ပါတီကိုဇန်းတင်ခေါ်တဲ့
အသုံးအနှုံးတခုဖြစ်ပါတယ်၊ဘာသာပြန်သူ}

မီချီဂန်ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီက လန်ဆင်းမှာရှိတဲ့ သူတို့ပါတီဌာနချုပ်အဆောက်အဦတွေမှာ အစွန်းရောက် ရဲဆန့်ကျင်ရေးတွေ၊ နံရံပန်းချီဂရပ်ဖီတီ တွေနဲ့လက်သရမ်းထားတာခံခဲ့ရတယ်လို့ပြောဆိုလိုက်ပါတယ်။
ပါတီက အဲဒီပုံတွေကို ဓာတ်ပုံရိုက်ပြီးထုတ်ပြန်ဖြန့်ဝေခဲ့ပါတယ်။အလုပ်နားရက်​ေတွမှာရေးဆွဲသွားကြတာဖြစ်ပါတယ်။


” တနင်္ဂနွေနေ့ညတုန်းက ကျွန်တော်တို့ရဲ့ပါတီအဆောက်အဦမှာ အစွန်းရောက် ရဲဆန့်ကျင်ရေးဖော်ပြချက်တွေကို လက်သရမ်းရေးသားထားကြတယ်”လို့ ရီပတ်ဘလီကန်
ပါတီကတွစ်တာပေါ်မှာ တနင်္လလာနေ့ကရေးသားထားပါတယ်။

“ကျွန်တော်တို့ကိုခြိမ်းချောက်လို့မရဘူး၊
ကျွန်တော် တို့ရဲ့သမ္မတကြီး အစစ်အမှန်ဒေါနယ်ထရန့် ပြန်အရွေးခံရဖို့ ကျွန်တော်တို့အပြင်းအထန်ကြိုးပမ်းဆောင်ရွက်သွားမယ်”လို့ရေးထားပါတယ်။
မှုတ်ဆေးဘူးတွေနဲ့ရေးသားထားတဲ့ပုံတွေမှာ “ရဲတပ်ဖွဲ့ကိုဖျက်သိမ်းပစ်”၊”ငိုးမရဲတွေ”၊
“ငိုးမ12″၊”ငိုးမတွေ”စတဲ့ရိုင်းရိုင်းစိုင်းစိုင်းတွေဆဲဆိုထားပါတယ်။

 

ရေးသားထားတဲ့ဂရပ်ဖစ်တီတွေနဲ့ပတ်သက်ပြီးလန်ဆင်း မြို့တော်ရဲတပ်ဖွဲ့မှာ တိုင်ကြားအမှုဖွင့်ထားတယ်လို့ ပြည်နယ်ပါတီကပြောပေမယ့်ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
လက်ဝဲစွန်းရောက် ရဲတပ်ဖွဲ့ရံပုံငွေ
လျော့ချရေးလှုပ်ရှားမှုနဲ့ရဲတွေရဲ့လူမဆန်တဲ့ရုန်းရင်းကြမ်းတမ်းမှုကိုဆန့်ကျင်ဆန္ဒပြမှုတွေကြားမှာဒီဖြစ်ရပ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဂရပ်ဖီတီရေးဆွဲချက်တွေမှာ”ငိုးမ အိုင်စီအီး”ဆိုတာလည်းပါပါတယ်။ICEဆိုတာလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန် စည်းမျဥ်းလိုက်နာစေရေးအစိုးရဌာန
(Immigration and Custom Enforcement
agency)ကိုရည်ညွှန်းပြောဆိုပုံရတယ်လို့ပါတီကပြောပါတယ်။အဲ့ဒီဌာနမှာလော်ရာကောက်(စ်)ဆိုတဲ့အမျိုးသမီးကဥက္ကဌအဖြစ်ဆောင်ရွက်နေပြီး၊သူဟာအရင်ကထောက်လှမ်းရေးအေးဂျင့်တယောက်ဖြစ်ပါတယ်။

“မီချီဂန်ပြည်နယ်နဲ့ပတ်သတ်ပြီး ဒီမိုကရက်တွေကြောက်သင့်တယ်လို့ပြည်နယ်အောက်လွှတ်တော်ဥက္ကဌကပြော”
“ဒီလက်သရမ်းမှုတွေဟာကျွန််မတို့
နိုင်ငံရဲ့ဒီမိုကရက်တစ်တွေလှုပ်ရှားနေကြတဲ့ပြည်နယ်တွေမှာဖြစ်ပွါးနေတဲ့ပရမ်းပတာဖြစ်ရပ်တွေရဲ့သင်္ကေတ တခုပဲ၊ကျွန်မတို့ကိုဘေးအန္တရယ် မပေးတဲ့ အမျိုးသားအမျိုးသမီးတွေကိုရံပုံငွေထောက်ပံ့မှုတွေဖြတ်တောက်အောင်လုပ်ဖို့အားနည်းတဲ့နိုင်ငံသားသမားတွေကိုဖိအားပေးခြိမ်းခြောက်ဖို့အတွက်ရာဇဝတ်မှုကျူးလွန်တဲ့နည်းဗျူဟာတွေသုံးနေကြတယ်”လို့ကောက်(စ်)ကပြောဆိုခဲ့ပါတယ်။

“ရီပတ်ဘလီကန်တွေကိုခြိမ်းခြောက်လို့မရဘူး၊
သမ္မတထရန့်ကိုလည်းခြိမ်းခြောက်လို့မရဘူး။
ဒီနိုဝင်ဘာမှာအမေရိကန်ပြည်သူတွေကသူတို့ကိုလည်းခြိမ်းခြောက်လို့မရဘူးဆိုတာ ထရန့်ကိုပြန်လည်ရွေးကောက်တင်မြှောက်ပြီး
ပြသကြပါလိမ့်မယ်”လို့ကောက်(စ်)ကပြောဆိုလိုက်ပါတယ်။
မီချီဂန်ပြည်နယ်ဟာ လက်ရှိသမ္မတ
ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဂျိုးဘိုင်ဒင်တို့
ရွေးကောက်ပွဲအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရာမှာအပြောင်းအလဲများတဲ့ပြည်နယ်တခုလို့သတ်မှတ်ထားပါတယ်။
လွန်ခဲ့တဲ့အပတ်က ဘိုင်ဒင်ရဲ့မဲဆွယ်စည်းရုံးရေးလှုပ်ရှားသူက “ယခင်ဒုတိယသမ္မတလောင်း ဂျိုးဘိုင်ဒင်
ဗုဒ္ဓဟူးနေ့မှာမီချီဂန်ပြည်နယ်ကိုသွားရောက်
မယ်”လို့ကြေညာခဲ့ပါတယ်။
၂၀၁၆ကဒေါ်နယ်ထရန့်အနိုင်ရခဲ့တဲ့ဒီပြည်နယ်မှာ အမှန်တကယ်စစ်မှန်ရှင်းလင်းတဲ့နိုင်ငံရေး
အဖွဲ့ကလူထုဆန္ဒစစ်တမ်းအကြိုကောက်ယူရာမှာဂျိုးဘိုင်ဒင်ကငါးပွိုင့်အသာနဲ့အနိုင်ရခဲ့ပါတယ်။ဒါပေမယ့်သမ္မတထရန့်ဟာနောက်တကြိမ်မှာအနိုင်ရနိုင်တယ်လို့ရီပတ်ဘလီကန်တွေကအခိုင်အမာပြောနေကြပါတယ်။

ပြည်နယ် ရီပတ်ဘလီကန် အောက်လွှတ်တော်ဥက္ကဌ လီချက်ဖီးလ်(ဒ်)ကဒီမိုကရက်တွေ မီချီဂန်ပြည်နယ်နဲ့ပတ်သက်ပြီးကြောက်ရွံ့စိုးရိမ်သင့်တယ်လို့ “မြေခွေးနဲ့မိတ်ဆွေများ”အပတ်စဥ် တနင်္ဂနွေနေ့ထုတ်သတင်းစာနဲ့တွေ့ဆုံခဲ့တဲ့တနင်္ဂနွေနေ့တုန်းကပြောဆိုခဲ့ပါတယ်။

“၂၀၁၆တုန်းကပြည်နယ်တခုလုံးရဲရဲနီ
သွားခဲ့တယ်။ဒီနှစ်လည်းထပ်ပြီးနီသွားအုန်းမှာ”
လို့ထပ်ပြောလိုက်ပါသေးတယ်။
(Ref:Fox News)


Spread the love
  •  
  •  
  •  
  •  
  •  
  •