သင်္ဃန်းကျွန်း၊ ဇဝန ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြောပြတဲ့ Music Zone ဆိုင်ပိုင်ရှင်ကို တရားစွဲရန် ပြင်ဆင်နေမှု အခြေအနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဇဝန ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြောပြတဲ့ Music Zone
ဆိုင်ပိုင်ရှင်ကို တရားစွဲရန် ပြင်ဆင်နေမှု အခြေအနေ

Music Zone မှဝန်ထမ်း (၉၀)ကျော် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ဆိုင်ပိုင်ရှင်ကို တရားစွဲရန် ပြင်ဆင်နေ ဟု ဇဝန ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြော

ရန်ကုန် ၊ စက်တင်ဘာ ၁၅

သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမကြီးနှင့် သီရိဟေမာ လမ်းထောင့်ရှိ Music Zone KTV မှာ Covid -19 ပိုးတွေ့ရှိသူ (၉၀)ကျော်အထိ ပျံ့ပွားကူးစက်ခံရခြင်း
နှင့်ပတ်သက်၍ ၄င်းဆိုင်ပိုင်ရှင်ကိုတရားစွဲဆိုရန်ဥပဒေ ရေးရာကျွမ်းကျင်သူများနှင့်ဆွေးနွေးတိုင်ပင်လျက် ရှိကြောင်း စက်တင်ဘာ (၁၄)ရက်နေ့ က ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

”   Music Zone ဆိုင်ကဝန်ထမ်း(၉၀)ကျော်
ကိုဗစ်ရောဂါကူးစက်ခံရမှုကိစ္စနဲ့ပတ်သက်ပြီးဒီနေ့ပဲ သင်္ဃန်းကျွန်းရဲစခန်းမှာ ရဲမှူးကြီးက ဒီဖြစ်စဉ်တွေကိုခေါ်မေးတယ်၊ တွေ့ရှိချက်တွေခေါ်မေးတယ်၊ ကျွန်တော် သိရှိထားသမျှတွေကို အထောက်အထားနဲ့တကွ ထွက်ဆိုပေးခဲ့ပါတယ်၊ Music Zone ကိုတရားစွဲဆိုဖို့ကတော့ ဘာအ ကြောင်းအရာနဲ့စွဲဆိုမယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနေဆဲပဲရှိပါသေးတယ် ” ဟု သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသန်းကပြောသည်။

 

ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါပိုး တွေ့ရှိခဲ့သည့် Music Zone နှင့်ပတ်သက်၍ ၄င်းကဆက်လက်ရှင်းပြရာတွင်-

ပြီးခဲ့သော (၁၃-၃-၂၀၂၀)နေ့ကရန်ကုန်တိုင်း
တတိုင်းလုံးကို Stay at Home ချခဲ့ပြီး၊စား
သောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာရောင်းချရန်ကြေညာခဲ့၍ ၊ လူစုလူဝေးမဖြစ်ပေါ်စေရန် ဆိုင်ထိုင်ရောင်းချခွင့် ပိတ်သိမ်းမှုတွင် Music Zone ပါဝင်ခဲ့ကြောင်း၊ (၂၅-၅-၂၀၂၀)တွင် တစ်နိုင်ငံလုံးကို Stay at Home မှဖြေလျှော့ပေးမည်ဖြစ်ကြောင်း မြန်
မာ့အသံမှကြေညာ ပြီးနောက်၊ Music Zone မှ တာဝန်ရှိသူက (၁-၆-၂၀၂၀)နေ့တွင် မြို့နယ် ကိုဗစ်ကော်မတီ၏ စစ်ဆေးမှုကိုတရားဝင်ခံယူပြီးနောက် ( ၃-၆-၂၀၂၀)နေ့တွင်မြို့နယ် ကိုဗစ်ကော်မတီက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း၊ ယင်းသို့ခွင့်ပြုရာတွင်မူလ Music Zone သည် KTV နှင့်တွဲ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း၊ ပြန်လည်ဖွင့်ခွင့်ပြုရာ၌ စားသောက်ဆိုင်ကိုသာ ပါဆယ်စနစ်ဖြင့် ညနေ၃ နာရီ မှ ည ၁၀ နာရီထိသာ ရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း၊

မူလ လူ ၁၀၀ ဆံ့ ခန်းမကြီးတွင် စားပွဲ (၃၀)ခန့်နှင့် လေဝင်လေထွက်ကောင်းမွန်အောင် လုပ်ဆောင်ရန်မှာကြားခဲ့ကြောင်း၊ ဆိုင်ဖွင့်လှစ်ပြီး(၁၀- ၆- ၂၀၂၀)
နေ့တွင် မြို့နယ်ကိုဗစ်ကော်မတီက ညွှန်ကြားချက် အတိုင်းလိုက်နာဆောင်ရွက်ထားခြင်းရှိ/ မရှိ အဖွဲ့စုံဖြင့် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ကြကာ ဆက်လက်ရောင်းချခွင့်ပြုထားသည် ဟု သိရှိရကြောင်း နှင့်ယခင်က Music Zoneတွင် ဝန်ထမ်း၂၀၀ ကျော်ခန့်ရှိပြီး၊ ပထမအကြိမ် ကိုဗစ်လှိုင်းအပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရရှိချိန်တွင် အမျိုးသားဝန်ထမ်း ၇၀ နှင့် အမျိုးသမီးဝန်ထမ်း  ၃၀ စုစုပေါင်းဝန်ထမ်း(၁၀၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ကို သိရှိကြောင်း၄င်းက ဆက်လက်ရှင်းပြပြောဆိုသည်။

” ကျွန်တော့်ကို မြို့နယ် ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ  ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကော်မတီက တရားစွဲဖို့တာဝန်ပေးတယ်သာပြောတာ ကျွန်တော့်ကို ခေါ်တွေ့ခြင်း မေးမြန်းခြင်းမရှိသေးဘူး၊ လောလောဆည်မှာရဲကခေါ်လို့
ဒီကိစ္စတွေကို ရှင်းနေရသေးတယ်၊ လောလောဆည် ဖေ့ဘွခ်မှဖွနေတဲ့ KTV ဖွင့်တယ်မဖွင့်ဘူး ဆိုတဲ့ဟာက တကယ် တမ်းပြောရရင် ကိုဗစ်ကော်မတီက စစ်ပြီးကျွန်တော်ကိုခေါ်မှ ကျွန်တော်ရောက်သွားတာ။ ပထမအကြိမ် စစ်တုန်းကတော့ ကျွန်တော်ကိုယ်တိုင်ပါတယ် ၊ ၁၀ ရက်နေ့စစ်တဲ့အချိန်မှာ ခနလေးပဲစစ်ပြီးပြီတဲ့ ၊ တခြားသွားစစ်စရာရှိသေးတယ်ဆိုပြီးပြန်သွားတယ် ဒါလောက်ပဲ ကျွန်တော်သိရတာ ရှင်းရှင်းပြောရရင်တော့ ဆိုင်ရှင်က ပေါ့လျော့တာ၊ နကိုကတည်းကိုက ရပ်ကွက်က တိုင်ထားတာတွေ ကျွန်တော့်မှာအများကြီးရှိတယ် ” ဟု ဦးလှသန်းက ဖြည့်စွက်ပြော
ဆိုသည်။

ယင်းသို့ဖွင့်လှစ်အပြီး အမျိူးသမီးငယ်တစ်ဦးဖြစ်သူ မဝေဝေကျော်တွင်Covid 19 Positiveတွေ့ရှိခဲ့ပြီးလူနာအမှတ်(၇၄၁) ဖြင့် Ficility Quarantine Center ၌ သြဂုတ်လ ၂၇ ရက်နေ့တွင်ဆေးကုသမှုခံယူခဲ့ရပြီး ၄င်း၏ထုတ်ဖော်ပြောဆိုချက်အရ Music Zone ရှိမဝါဝါမွန်၊ မမိုးမိုးအောင်တို့နှင့်အတူအိပ်ခဲ့ကြောင်း သိရ၍ သြဂုတ်(၃၀) ရက်နေ့တွင် ၄င်းတို့ကိုQuarantine Center သိုံ ပို့ဆောင်ခဲ့သည်။

ယင်းနောက် (၃-၉-၂၀၂၀)နေ့တွင်Music Zone ရှိ ဝန်ထမ်းများအား နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်များယူကာ ကျန်းမာရေးဌာနမှ စစ်ဆေးရာတွင် ၉ ရက်နေ့ နံနက်ပိုင်းတွင် ရောဂါပိုးတွေ့ရှိသူ(၁၄) ဦး၊ ညပိုင်းတွင် ရောဂါပိုးတွေ့ရှိသူ (၇၂)ဦး စုစုပေါင်း (၈၆)ဥိး၊တို့ကိုဖောင်ကြီးကိုဗစ်ကုသရေးစင်တာသို့ ၂ ကြိမ်ခွဲ၍ ပို့ဆောင်ခဲ့ပြီး ၊ Nagative ၂၇ ဦးကိုဆိုင်အတွင်းHome Quarantine ထားရှိခဲ့
ကြောင်း သိရှိရသည်။

မြို့နယ် ကိုဗစ်ကော်မတီမှ ဇဝန ရပ်ကွက်အုပ်ချုပ်ရေးမှူးအား Music Zone KTVကို တရားစွဲဆိုရန် တာဝန်ပေးအပ်ထား
သည့်ကိစ္စနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်တိုင်ဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးထံဆက်သွယ်မေးမြန်းရာတွင် –

”  ဒီနေ့အဖို့တော့ မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့တကွ အဖွဲ့ဝင်များနဲ့တွေ့ဆုံပြီးတော့ သူသိထားတဲ့ အချက်အလက်တွေကိုရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ သူစုဆောင်းပါတယ်။ အဲ့ဒါကို အမှုဖွင့်တယ်လို့တော့ သတ်မှတ်လို့မရသေးဘူး၊ အမှုဖွင့်ဖို့ ပဏာမ လေ့လာဆန်းစစ်နေတဲ့အပိုင်းပါ ” ဟု ပြောသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •