အစိုးရဖွဲ့ရန်ပြင်သစ်ကပေးထားသော ကန့်သတ်ရက်ကျော်သွားပေမဲ့ ဆက်လက်ဆောင်ရွက်ရန်လက်ဘနွန်ညှိိနှိုင်းဆွေးပွဲကျင်းပ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အစိုးရအဖွဲ့ ဖွဲ့စည်းရန်ပြင်သစ်ကပေးထားသောကန့်သတ်ရက်ကျော်သွားပေမဲ့ ဆက်လက်ဆောင်ရွက်ရန်လက်ဘနွန်ညှိိနှိုင်းဆွေးပွဲကျင်းပ”

September 19,2020

ပြင်သစ်တွေရဲ့နောက်ဆုံးကန့်သတ်ရက်ကုန်ဆုံးသွားပေမယ့် အစိုးရအဖွဲ့ လူစာရင်းကိုအလျှော့အတင်း အပေးအယူ လုပ်ဖို့သူကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဝန််ကြီးချုပ်အဖြစ်ကြိုတင် ရွေးချယ်ထားခြင်းခံရသူမူစတာဖာ အဒစ်(ဘ်) က ကြာသပတေး နေ့ကပြောဆိုလိုက်ပါတယ်။
“ကျွန်တော်တို့မှာအချိန်ပေါပေါများများမရှိဘူးဆိုတာကျွန်တော်အပြည့်အဝနားလည်ပါတယ်”လို့သမ္မတ မစ်ချယ် အေရွန်နဲ့တွေ့ဆိုတုန်းမှာအကျဥ်းချုပ် ပြောဆိုခဲ့ပါတယ်။

အထွေထွေအကျပ်အတည်းနဲ့ပတ်သက်တာတွေကိုပြောဆိုတင်ပြဖို့အတွက် ကျွမ်းကျင်သူတွေရဲ့လူစာရင်းကိုသဘောတူညီမှုရရန် ပြင်သစ်သမ္မတ အီမန်နူ ရယ် မက်ခရွန်က လက်ဘနွန်နိုင်ငံ ဦးဆောင်နိုင်ငံရေးသမားတွေကို အချိန်နှစ်ပတ် ကန့်သတ်
ပေးထားပါတယ်။
နောက်ဆုံးကန့်သတ်ရက်က ဗုဒ္ဓဟူးနေ့မှာဘာရလဒ်မှ ထွက်မလာသေးပဲကုန်ဆုံးသွားခဲ့ပါတယ်။ဒါကိုမက်ခရွန်ကသစိတ်ပျက် တယ်လို့ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်ကအစိုးရဖွဲ့ရာမှာလူတိုင်းပူးပေါင်းပါဝင်ဆောင်ရွက်မယ်လို့တွက်ထားတာ၊အဲ့ဒီအစိုးရအဖွဲ့ဟာသမ္မတမက်ခရွန်နဲ့ သဘောတူထားတာတွေကို ပြီးမြောက်အောင်မြင်အောင်လုပ်ကိုင်
ဆောင်ရွက်နိုင်မယ်လို့လေ”လို့အဒစ်(ဘ်)ကပြောပါတယ်။မြို့တော်ကိုပျက်စီးသွားစေခဲ့တဲ့ သြဂုတ်လ ၄ရက်နေ့ ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ဘေရွတ်ကို နှစ်ကြိမ်ရောက်လာခဲ့တဲ့ ပြင်သစ်ခေါင်းဆောင်ဟာ လက်ဘနွန်ရဲ့အုပ်စုဂိုဏ်းကွဲမှုတွေဟာ အကျပ်အတည်းဖြစ်နေတဲ့အစိုးရတရပ်ကိုဖွဲ့စည်းဖို့လူရွေးချယ်ရာမှာ အကျိုးသက် ရောက်မှုမရှိစေဖို့တောင်းဆိုခဲ့ပါတယ်။သမိုင်းမှာ အကြီးမားဆုံးပေါက်ကွဲမှုနဲ့အန္တရယ်ကြီ းတဲ့အကြွေးပြဿနာတို့ပေါင်းစပ်ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုဟာ နှစ်၁၀၀သက်တမ်းရှိတဲ့ တိုင်းပြည်ကို အတ္တဘဝအမှန်သဘောတရားဆိုင်ရာခြိမ်းခြောက်မှုတခုဖြစ်စေခဲ့တယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ လုပ်နေကျ အာဏာခွဲဝေမှု အစီအစဉ်မှာ အဓိက ရှီးယိုက် အုပ်စုနှစ်ခုဟာ ဘဏ္ဍာရေးဝန်ကြီး ဌာန ကိုဆက်လက်ထိန်းသိမ်းထားဖို့နဲ့ အဒစ်(ဘ်)ရဲ့ကြိုးပမ်း ဆောင်ရွက်မှုတွေကို တားမြစ်ပိတ်ဆို့ထားလိုက်ဖို့ အခိုင်အမာပြောပါတယ်။
ပါလီမန်အုပ်စုက ဟဇ်ဘိုလာ ရှီးယိုက်လှုပ်ရှားမှုအဖွဲ့နဲ့ပေါင်းစည်းလိုက်ပြီး၊ထုတ်ပြန်ဖော်ပြချက်တခုမှာ ဝန်ကြီးအဖွဲ့ နာမ်မည်တွေသတ်မှတ်ပြဌန်းမှာကို လုံလုံးလျားလျား ပြတ်ပြတ်သားသားငြင်းဆန်ကန့်ကွက်ရမယ်(ဒါမှမဟုတ်) ကက်ဘိနက်ရဲ့ ဝန်ကြီးစာရင်းထုတ်ပြန်မှုကိုအထူးသဖြင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့
ပတ်သက်ရင်တားမြစ်ပိတ်ဆို့ရမယ်လို့ဖော်ပြထားပါတယ်။

နိုင်ံငံရေးနဲ့ပတ်သက်ပြီးပြောရေးဆိုခွင့်ရှိတဲ့အရာရှိတွေရဲ့အဆိုအရ အစိုးရအဖွဲ့မှာကြိုတင်လျာထားခံရတဲ့လူငယ်
ထိပ်တန်း ခေါင်းဆောင်တွေက ဝန်ကြီးအဖွဲ့ကို ဝန်ကြီး၁၄ဦးနဲ့ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းဖို့တောင်းဆိုထားပြီး၊ ပါလီမန်မှာလွှမ်းမိုးထားတဲ့ မဟာမိတ်တွေကတော့ ဝန်ကြီးအဖွဲ့ကို၂၄ ယောက်နဲ့ ဖွဲ့စည်းစေချင်နေကြပါတယ်။

လက်ဘနွန်သတင်းမီဒီယာတွေကပြောတာက “ပြင်သစ်
ကပေးထားတဲ့ရက်ကန့်သတ်ချက်အတိုင်း အစိုးရဖွဲ့ဖို့ လူစာရင်းတင်ပြတာကိုမလုပ်ဆောင်နိုင်ရင် အစိုးရအဖွဲ့ အသစ်ဖွဲ့စည်းမယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးဖို့ဖြစ်နိုင်ခြေများတယ်”လို့ဆိုပေမယ့် အဒစ်(ဘ်)ကတော့ ဆက်လက်ကြိုးပမ်းဖို့ဆုံးဖြတ်ထားပုံရပါတယ်။

(Source;France-24{AFP})


Spread the love
  •  
  •  
  •  
  •  
  •  
  •