ဝေလငါးရာပေါင်းများစွာသြစတြေးလျှ တောင်ပိုင်းမှာသောင်တင်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဝေလငါးရာပေါင်းများစွာသြစတြေးလျှ
တောင်ပိုင်းမှာသောင်တင်နေကြ”

21September 2020,ဆစ်ဒနီ

ဝေလငါး၅ကောင်အနည်းဆုံးသေဆုံးသွားခဲ့ပြီးနောက် သြစတြေးလျှနိုင်ငံ၊တက်စမန်နီယာကျွန်းပေါ်ကအဝေးကမ်းခြေတနေရာမှာ သောင်တင်နေတဲ့ ဝေလငါးအကောင် ၂၀၀ကျော်ကိုကယ်တင်ဖို့
သိပ္ပံပညာရှင်တွေကကြိုးစားနေကြတယ်လို့
အရာရှိတွေကတနင်္လာနေ့မှာပြောပါတယ်။
ကျွန်းစုရဲ့ ကျောက်ဆောင် ကျောက်ကမ်းပါးပေါများပြီး လူဦးရေကျဲပါးတဲ့အနောက်ဘက်ကမ်းရိုးတန်းက မက်ကွာရီဆိပ်ကမ်းမှာရှိတဲ့သဲသောင်ပြင်တန်းပေါ်မှာ
သောင်တင်နေကြတာဖြစ်တယ်လို့ တက်စမန်နီယာရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကပြောပါတယ် ။
ဒီအဖြစ်အပျက်ကို တုန့်ပြန်ဆောင်ရွက်
ပေးနေတဲ့နစ်(ခ်) ဒက်ကါက​ “ဆိပ်ကမ်းအတွင်းပိုင်းကနေ မီတာ🤨ရာပေါင်းအနည်းငယ်လောက်သာကွာဝေးတဲ့ သဲသောင်ပြင်တန်းပေါ်မှာ ကြီးမားတဲ့
အပြွတ်လိုက်အတန်းနှစ်တန်းသောင်တင်နေတာကိုတွေ့မြင်ကြရတယ်”လို့ပြောပါတယ်။
“သူတို့ဟာရေထဲမှာရှိနေပေမဲ့ ဘယ်လောက်အထိသေဆုံးနေပြီ (ဒါမှမဟုတ်)ဘယ်လိုအခြေအနေမျိုးကြုံတွေ့နေရပြီဆိုတာသိမြင်ရဖို့အတော်ခက်ခဲပါတယ်”လို့အနီးအနားမှာရှိတဲ့စထရာဟန်မြို့ကသတင်းထောက်တွေကို သူကပြောပြပါတယ်။

သူတို့ဟာပိုင်းလော့ဝေလငါး(ရေကြောင်းပြ
ဝေလငါး)တွေဖြစ်မယ်လို့ယုံကြည်ရပေမဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန
ကတော့ အခုအထိအတည်ပြုပြောဆိုတာ
မရှိသေးပါဘူး။
အဲ့ဒီနေရာကိုရောက်ရှိနေကြတဲ့
ရဲတပ်ဖွဲ့တွေနဲ့ရေကြောင်းဆိုင်ရာပါရဂူတွေက
အင်္ဂါနေ့မနက်စောစောလောက်မှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ဖို့အတွက်အခြေအနေတွေကိုလေ့လာအကဲဖြတ်နေကြပါတယ်။
“ဒီရေရဲ့သဘောအရမနက်ဖြန်ခါ ဒီရေပြန်ထွက်သွားရင် ကယ်ဆယ်ရေးတွေဆောင်ရွက်တဲ့အခါ
အဆင်ပြေလိမ့်မယ်။ဒီရေအတက်အကျတွေကသိသာထင်ရှားပါတယ်။ကျနော်တို့အသက်ရှူပေါက်တွေအများကြီးရအောင်လုပ်ဖို့ရည်ရွယ်ထားတယ်။”လို့ ဒက်ကါ က ပြောပါတယ်။
အခြားနေရာတွေနဲ့နှိုင်းယှဉ်ကြည့်ရင်
ဝေလငါးတွေ အစုလိုက်အပြုံလိုက်သောင်တင်
တာဟာ တက်စမန်နီယာမှာ ပိုပြီးမကြာခန
ဖြစ်တာကိုတွေ့ရတတ်ပါတယ်။ဒါပေမဲ့အခုလိုအရေအတွက်အများကြီးသောင်တင်တာမျိုးကတော့ထိတ်လန့်တုန်လှုပ်စရာ
ကောင်းပြီးကယ်ဆယ်ရေးလုပ်ဖို့အလားအလာတွေအများကြီးလိုအပ်နေပါတယ်။
အာဏာပိုင်တွေက ဒေသတွင်းကလုပ်အားပေးတွေကို အကူအညီ
ပေးဖို့ ကွန်ပြူတာကွန်ယက်ကနေဖိတ်ခေါ်ထား
ပြီး၊သောင်တင်နေတဲ့နေရာကို အများပြည်သူတွေ မဝင်ရောက်နိုင်အောင်
ဝန်းရံပိတ်ဆို့ထားလိုက်ပါပြီ။
ဒီ့အရင်နောက်ဆုံးသောင်တင်မှုဖြစ်ခဲ့တာက
သြစတေးလျှမြောက်ပိုင်းမှာရှိတဲ့အပူပိုင်းဇုံမြစ်
တခုထဲမှာ ဟမ့်ဘက်(ခ်)ဝေလငါးတကောင်
(ကျောပေါ်မှာဘုကြီးရှိနေတဲ့ဝေလငါးမျိုး)
သောင်တင်နေတာကိုတွေ့ခဲ့ရပြီး၊နှစ်ပတ်​ကျော်
ကြာပြီးသွားတဲ့နောက်မှာတော့ သမုဒ္ဒ ရာထဲကို
ပြန်လည်ရောက်ရှိသွားပါတယ်။
ပြည်သူ့အသံလွှင့်သတင်းဌာနABCက
“ဒီသတ္တဝါကြီးဟာ မိကျောင်းတွေစုပြုံကျက်စားနေကြတဲ့
‘ကာကာဒူ’အမျိုးသားဥယျာဉ် ရေပြင်ကျယ်ထဲမှာ၁၇ရက်ကြာအောင်နေသွားခဲ့ပြီး၊ဒါဝင်မြို့အပြင်ဘက်ပင်လယ်ပြင်ကျယ်ကြီးထဲမှာပြန်တွေ့ကြရတယ်”လို့​ သတင်းထုတ်လွှင့်သွားပါတယ်။
သိပ္ပံ ပညာရှင်တွေက ရွှံ့ညွန်တွေထူ
ထပ်တဲ့မြစ်ထဲကိုပဌမဦးဆုံးအကြိမ်ရောက်လာခဲ့တဲ့ ဟမ့်ဘက်(ခ်)ဝေလငါးကြီးကို ဘေးကင်းရာပို့ပေးနိုင်မဲ့အခွင့်အလမ်းတွေ
တွက်ချက်ချိန်ဆနေတုန်းမှာမှာပဲ သတ္တဝါကြီးဟာပင်လယ်ပြင်ထဲကို သူ့ဖာသာသူ
ပြန်ထွက်သွားနိုင်ခဲ့ပါတယ်။

Source:France-24(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •