AA၏အကြမ်းဖက်အဖွဲ့၏လုပ်ရပ်များသည် အနာဂတ်ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်များကိုအဟန့်အတားဖြစ်လာနိုင်တယ်လို့ NLDပါတီ​ ​ကြေညာချက်ထုတ်ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

AAအကြမ်းဖက်အဖွဲ့၏လုပ်ရပ်များသည် အနာဂတ်ငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်များကိုအဟန့်အတားဖြစ်လာနိုင်တယ်လို့ NLDပါတီ​ ​ကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ် ​တောင်ကုတ်မြို့နယ်​အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်အဖွဲ့ဝင်လွှတ်​တော်ကိုယ်စားလှယ်​လောင်း  ၃ဦး အား AAအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။
AAအကြမ်းဖက်အဖွဲ့က ကိုယ်စားလှယ်​လောင်း၃ဦး ​ခေါ်​ဆောင်ြခင်းနဲ့ပါက်သက်ပြီး ​အောက်တိုဘာလ၁၉ရက်​နေ့ကထုတ်ပြန်​ကြေညာခဲ့တယ့်အ​ပေါ် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ဗဟို အလုပ်မှု​ဆောင်အဖွဲ့က ​အောက်တိုဘာလ၂၁ရက်​နေ့​နေ့စွဲနဲ့​ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
ကြေညာချက်အပြည့်အစုံမှာ—–

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် လွှတ်တော်ကိုယ်စား လှယ်လောင်း(၃)ဦးအား ခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ AA အကြမ်းဖက်အဖွဲ့က (၁၉.၁၀.၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပူးတွဲပါ ဓါတ်ပုံတွင် ၎င်းတို့အား “လက်ပူး လက်ကြပ်” ဖမ်းမိခဲ့ခြင်း၊ အင်္ဂလိပ်ဘာသာအားဖြင့် “caught red handed” ဟုဖော်ပြထားပါသည်။ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် ဦးမင်းအောင်တို့သည် ဥပဒေကို ဖောက်ဖျက်သူများ မဟုတ်ကြပါ။ ရွေးကောက်ပွဲဥပဒေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးအတွက် ထိုဖောင်းခါးရွာသို့ ရောက်ရှိနေခြင်း ဖြစ်ပါသည်။

၂။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ်က ၎င်းတို့အား ကြမ်းတမ်းစွာဆဲဆိုကြိမ်းမောင်းခြင်း၊ လက်ဖြင့် ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ဆောင့်ခြင်းစသည့် လုပ်ရပ်များအပြင် ရာဇဝတ်သားများသဖွယ် လက်ပြန်ကြိုး များတုပ်ခြင်း၊ အဝတ်ခေါင်းစွပ်များစွပ်ခြင်းတို့ ပြုလုပ်ခဲ့ကြသော်လည်း ထိုကိုယ်စား လှယ်လောင်း (၃)ဦးက ၎င်းတို့အား အကြမ်းဖက်ဆက်ဆံသည့်တိုင် မည်သို့မှ လက်တုံ့မပြန်ဘဲ တည်တည်ငြိမ်ငြိမ်နှင့် အခြေအနေကို ရင်ဆိုင်ခဲ့သည်ဟုလည်း ကြားသိရသည်။

၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ်ပါတီ စတင်တည်ထောင်စဉ်ကပင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဟုလည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်ကိုသော်လည်းကောင်း ရည်မှန်းချက်များ ခိုင်မာစွာ ချထားခဲ့ပြီးဖြစ်ပါသည်။ ထိုအတွက်လည်း NLD အစိုးရတာဝန်ယူခဲ့သည့် အချိန်မှစ၍ “(၂၁)ရာစုပင်လုံ ညီလာခံများ” အကြိမ်ကြိမ်ကျင်းပခဲ့ရာပြီးခဲ့သော စတုတ္ထအကြိမ် ညီလာခံတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဆင့်ရောက်ရန် လိုအပ်မည့် ဘုံသဘောတူညီချက်များ ဖော်ထုတ်အတည်ပြုနိုင် ခဲ့ပါသည်။

၄။ AA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်ပါ အချက်အလက်များမှာ အခြေအမြစ်မရှိဘဲ တစ်ဖက်သတ် ကောက်ချက်ချမှုများသာဖြစ်ပါသည်။ ထို့ ပြင် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များသည် နောင်အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာနိုင် ပါသည်။

၅။ သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် ဦးမင်းအောင်တို့ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုလိုက်သည်။

လို့​ဖော်ပြပါရှိပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •