Astra Zeneca ဟာ Covid ကာကွယ်ဆေးနောက်ဆုံးအဆင့်စမ်းသပ်နေခြင်းအား ယာယီရပ်ဆိုင်းထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

▪️ဘေးဖြစ်စေတတ်သောဆိုးကျိုးကို #စမ်းသပ်နေတဲ့သူတစ်ယောက်ဆီမှာတွေ့လို့ ဖြစ်ပါတယ်။
▪️ AstraZeneca နဲ့ Oxford University တို့ရဲ့ကြိုးပမ်းနေတဲ့ဆေး AZD1222 ဖြစ်ပါတယ်။
▪️မနေ့က စက်တင်ဘာလ ၈ ရက်နေ့မှာ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
▪️ယာယီရပ်ဆိုင်းတာသာဖြစ်ပြီး ဘာဆက်လုပ်မလဲဆိုတာမပြောသေးပါ။
▪️ AstraZeneca ရဲ့ AZD1222 ကာကွယ်ဆေးဟာ ကျနော်တို့အတွက် မျှော်လင့်အားထားရဆုံးဆေးတစ်ခုပါ။
▪️မနေ့ကပဲ သတင်းတစ်ပုဒ်မှာ အခြားအနောက်တိုင်းက Moderna နဲ့ BioNTech, Pfizer တို့ရဲ့mRNA ပေါ်အခြေခံထုတ်ထားတဲ့ ကာကွယ်ဆေးတွေဟာ အနှုတ် ၇၀ ဒီဂရီစင်တီဂရိတ် (-70 ံC) မှာ #ထားကာသယ်ယူရမယ်ဆိုတာ ပေါ်ပေါက်လာတဲ့အတွက် AstraZeneca ရဲ့ ကာကွယ်ဆေးကို ပိုပြီးမျှော်လင့်နေကြတာပါ။
▪️ AstraZeneca ရဲ့ပြောရေးဆိုခွင့်ရှိသူက #လူအများကြီးမှာတကယ်စမ်းသပ်ရင် တစ်ယောက်တစ်လေမှာ ဖျားနာတာဖြစ်နိုင်တယ်၊ ဆေးရုံတက်ကောင်းတက်ရတာ၊ အသက်အန္တရာယ်ဖြစ်နိုင်တာကနေ သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်တဲ့။
👉 ဒါကြောင့်မို့လို့ ကာကွယ်ဆေးကို လူများများမှာ၊ အသက်အရွယ်အမျိုးမျိုးမှာ၊ နာတာရှည်ရောဂါရှိမရှိပေါ်မှာပါ အခြေခံပြီး စမ်းသပ်ပြီးမှ တကယ်စိတ်ချရမချရ ဆုံးဖြတ်ဖို့ပြောနေကြတာဖြစ်ပါတယ်။
👉 AstraZeneca အနေနဲ့ အခုလို ယာယီရပ်ထားရတာဟာ standard review process (လုပ်ရိုးလုပ်စဉ်အန္တရာယ်ရှိမရှိပြန်သုံးသပ်ခြင်းလမ်းကြောင်း) အတိုင်းလုပ်တာ ဖြစ်ပါသတဲ့။
▪️သဘောကပြန်ပြီး Safety data ကို စစ်ဆေးသုံးသပ်ကြမယ်။
▪️ဘာလို့ဒီတစ်ယောက်မှာ ရွေးပြီး အကြီးအကျယ်ပြဿနာပေးတာလဲဆိုတာကို အဖြေရှာကြမယ်။
▪️အခုအထိ အဲ့ဒီတစ်ယောက်မှာ ဘယ်လောက်ပြဿနာဖြစ်ခဲ့သလဲဆိုတာ အတိအကျမပြောသေးပါ။
▪️သို့သော်အဲ့ဒီတစ်ယောက်ဟာ #ပြန်နေကောင်းလာဖို့အခြေအနေရှိတယ်လို့ ဆိုထားပါတယ်။
▪️အန္တရာယ်မရှိဘူးဆိုရင် ရှေ့ဆက်စမ်းသပ်မှာဖြစ်ပြီး အန္တရာယ်အလွန်ရှိနိုင်ရင် လုံးဝရပ်ပစ်ကောင်းလည်းရပ်ပစ်မှာ ဖြစ်ပါတယ်။
▪️အခုလို ဆိုးကျိုးမျိုးကို #အခြားအနောက်တိုင်းကာကွယ်ဆေးထုတ်သူတွေကလည်း ပြန်လည်စစ်ဆေးကြမှာဖြစ်ပါတယ်။
▪️အနောက်တိုင်းဆေးတွေရဲ့အားသာချက်က ပွင့်လင်းမြင်သာမှုရှိပြီး စျေးကွက်လုလိုဇော၊ နာမည်ကြီးလိုဇောနဲ့ အချက်အလက်အမှန်ကို ဖုံးကွယ်ပြီး ဇွတ်တိုးလုပ်တာမျိုးမရှိပါ။
▪️အခုအခါ အမေရိကန်နဲ့ ဥရောပက #ကာကွယ်ဆေးကုမ္ပဏီကြီး ၉ ခုဟာ ဘယ်သူတွေကဘယ်လောက်လောနေပါစေ….. ကာကွယ်ဆေးစမ်းသပ်ရာမှာ
👉 သိပ္ပံနည်းကျအန္တရာယ်ကင်းမှု (scientific safety) နဲ့၊
👉 ဆေးအာနိသင်တကယ်ထက်မြက်မှု (efficacy standards)
ဆိုတဲ့ မူနှစ်ခုကိုလက်ကိုင်ထားဖို့ #ကတိကဝတ်ပြုလိုက်ကြပါတယ်
အဲ့ဒီကတိကဝတ်ပြုသူတွေထဲမှာ AstraZeneca, Pfizer Inc, Johnson & Johnson, Moderna, Novavx Inc, Snofi, Merck & Co, BioNTech, GlaxoSmithKline ကုမ္ပဏီကြီးတွေပါဝင်ပြီး #သမိုင်းဝင်ကတိကဝတ် “historic pledge” လို့ ခေါ်ကြပါတယ်။
ဘယ်လို နိုင်ငံ​ရေးဖိအားတွေပေးပေး သူတို့ရဲ့မူကိုအထိအခိုက်မခံဘူးလို့ဆိုကြပါတယ်။
ဒီအခြေအနေမှာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကာကွယ်ဆေးဖြန့်ဝေပေးမယ့် သမ္မတထရမ့်ရဲ့ အစီအစဉ်တကယ်ဖြစ်လာပါ့မလား မေးစရာဖြစ်လာပါတယ်။
👉 ယာယီရပ်ဆိုင်းမှုသာဖြစ်ပြီး လုံးဝရပ်ဆိုင်းပစ်လိမ့်မယ်လို့ မထင်ပါခင်ဗျား။
👉 အကောင်းဘက်ကတွေးမယ်ဆိုရင် အနောက်တိုင်းကကာကွယ်ဆေးတွေဟာ ဘယ်လောက်အထိအသေးစိတ်ဂရုတစိုက်လုပ်သလဲဆိုတာ တွေ့ရပါတယ်။
Richard Myo Thant
9-September-2020

Spread the love
  •  
  •  
  •  
  •  
  •  
  •