💉 #တီဘီရောဂါကာကွယ်ဆေးဟာ Covid-19 #သေဆုံးနှုန်းကိုလျော့ကျနိုင်တယ်လို့ သုသေသနပညာရှင်အချို့ကဆိုလိုက်ပါတယ်။
🇺🇸 အမေရိကန်ပြည်ထောင်စု National Institute of Allergy and Infectious Diseases က ပညာရှင်တွေဟာ လေ့လာမှုတစ်ခုလုပ်ခဲ့ကြပါတယ်။
တီဘီရောဂါကာကွယ်ဆေးအဖြစ်ထိုးခဲ့တဲ့ BCG ကာကွယ်ဆေးဟာ Covid-19 ကြောင့် သေဆုံးမှုကို လျော့ကျစေတယ်လို့ #ယူဆခဲ့ကြပါတယ်။
BCG ဆိုတာ Bacille Calmette-Guerin ကိုအတိုကောက်ခေါ်တာဖြစ်ပြီး တီထွင်သူ Albert Calmette နဲ့ Camille Guerin တို့ရဲ့ အမည်ကနေ ဂုဏ်ပြုမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။
BCG ကာကွယ်ဆေးထဲမှာ တီဘီရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ အမျိုးတော်တဲ့ Mycobaterium bovis တွေပါတာဖြစ်ပါတယ်။
အခုသုသေသနပညာရှင်တွေရဲ့အပြောအရ….
▪️အမေရိကတိုက်မှာဆိုရင် လက်တင်အမေရိကဒေသတွေဖြစ်တဲ့ Pernambuco, Rio de Janerio, San Paulo စတဲ့ ဘရာဇီးနိုင်ငံရှိဒေသတွေနဲ့ မက်ဆီကိုနိုင်ငံ Mexico city ဒေသတွေမှာ #Covid_ကြောင့်သေဆုံးနှုန်းဟာ အမေရိကန်ပြည်ထောင်စု New York, Illinois, Louisiana နဲ့ Florida ဒေသတွေထက် #သိသာစွာပိုနည်းတာတွေ့ရပါသတဲ့။
တကယ်တော့ အဲ့ဒီလက်တင်အမေရိကတိုက်ကဒေသတွေဟာ မြောက်အမေရိကတိုက်က New York လိုဒေသတွေထက် လူနေပိုမိုထူထပ်တာမို့ Covid ကြောင့် သေဆုံးမှုပိုသင့်တယ်လို့ တွက်ဆထားကြတာပါ။
▪️ဥရောပတိုက်ကိုကြည့်ရင် ဂျာမနီနိုင်ငံမှာ အရင်အနောက်ဂျာမနီဟာ အရင်အရှေ့ဂျာမနီဒေသထက် Covid-19 ကြောင့်သေဆုံးမှု 2.9 ဆ ပိုများတာတွေ့ရပါတယ်တဲ့။
အီတလီနိုင်ငံမှာ Covid-19 ကြောင့်သေဆုံးမှုဟာ ဖင်လန်နိုင်ငံထက် 4 ဆပိုတာတွေ့ရပါတယ်တဲ့။
✅ အဲ့ဒီလေ့လာမှုအရ Covid-19 သေနှုန်းလျော့ကျတဲ့နေရာတွေမှာ အသက်အရွယ်၊ ဝင်ငွေ၊ ကျန်းမာရေးအထောက်အပံ့ရရှိမှုမတူညီကြပေမယ့် #တူညီတဲ့တစ်ခုတည်းသောအချက်က #တီဘီကာကွယ်ဆေးထိုးထားတဲ့အချက်ပါပဲတဲ့။
✅ တီဘီကာကွယ်ဆေးထိုးထားမှု 10 ရာနှုန်းတိုးတိုင်း Covid-19 ကြောင့် သေနှုန်း 10 ရာနှုန်းလျော့တယ်လို့ #ခန့်မှန်းထားကြပါတယ်။
⁉️ တစ်ခုတော့ရှိတယ် BCG တီဘီကာကွယ်ဆေးထိုးထားခြင်းဟာ Covid-19 အတွက် #ကောင်မွန်တဲ့အကျိုးကျေးဇူးရရှိစေတယ်လို့ သူတို့ဆိုထားပေမယ့် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ #သူတို့လည်းအသေအချာမသိသေးပါဘူးတဲ့။
✅ ဖြစ်နိုင်တာက တီဘီကာကွယ်ဆေးဟာ ကလေးငယ်ဘဝတုန်းက မွေးရာပါ ကိုယ်ခံအားကို တိုးမြင့်အောင် လေ့ကျင့်ပေးလိုက်သလို ဖြစ်သွားလို့လို့ #ယူဆထားကြပါတယ်။
အခုမှ BCG ကောက်ထိုးပြီး စမ်းသပ်မှုမှာ ငယ်ငယ်က BCG ထိုးပေးတာနဲ့ တူညီတဲ့ ရလဒ်ရချင်မှ ရမှာပါ။
အရင်တုန်းကလေ့လာမှုတွေမှာ တီဘီကာကွယ်ဆေး BCG ဟာ ကလေးငယ်တွေကို တီဘီရောဂါနဲ့မသက်ဆိုင်တဲ့ အခြားအသက်ရှုလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးတာတွေ့ရတယ်လို့ဆိုပါတယ်။
အကယ်လို့ BCG တီဘီရောဂါကာကွယ်ဆေးဟာ အမှန်တကယ် Covid-19 အတွက်သေနှုန်းလျော့ကျစေတယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက် ဝမ်းသာစရာပါ။
✍️ တကယ်လက်ဆုပ်လက်ကိုင်အသေအချာမပြနိုင်သေးပေမယ့် စာရေးရင်းကိုယ့်လက်မောင်းက အမာရွတ်လေးကို ပြန်ကြည့်ပြီး ပီတိဖြစ်မိပါကြောင်း။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
10-July-2020