Black Lives Matter ရဲ့ဂယက်ကြောင့် Johnson & Johnson’s က အသားဖြူဆေးထုတ်တာရပ်ဆိုင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Black Lives Matter ရဲ့ဂယက်ကြောင့် Johnson & Johnson’s က အသားဖြူဆေးထုတ်တာရပ်ဆိုင်း

▪️အခုတလော Black Lives Matter ရဲ့ဂယက်က 🧴အသားဖြူဆေးတွေကို ရိုက်ခတ်လာပါပြီ။

▪️ Johnson & Johnson’s က အာရှနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ Neutrogena Fine Fairness အသားဖြူဆေးခရမ်တွေရောင်းချတာ ရပ်ဆိုင်းပါမယ်။

▪️Colgate ကုမ္ပဏီကြီးကလည်း သွားတိုက်ဆေး Darlie ထုတ်လုပ်နေမှုမှာ အပြောင်းအလဲတွေလုပ်မယ်လို့ ဆိုပါတယ်။

▪️Unilever ရဲ့ Fair & Lovely ကို ရပ်ပစ်ဖို့တောင်းဆိုသူတွေလည်း ရှိနေပါတယ်။

👉 အခုလို Black Lives Matter ဂယက်ရေစီးကြောင်းမှာ ဝင်မျောလိုက်သွားတာက Band-Aid ဆေးပလာစတာ ကုမ္ပဏီပါ။ ပလာစတာကို အရင်လို အသားရောင်တစ်မျိုးပဲမထုတ်တော့ပဲ အသားအရောင်အလိုက် #အရောင်အနုအရင့်အလိုက်ခွဲထုတ်မယ်လို့ ဆိုလာပါတယ်။

👉 ဒါပေမယ့် Black Lives Matter လို့ပြောပြီး #ကျန်တဲ့သူတွေရဲ့အခွင့်အရေးကိုထိပါးလာမှာကို စိုးရိမ်ကြပါတယ်။

▪️လူတစ်ယောက်ဟာကိုယ်ပိုင်ရွေးချယ်ခွင့်ရှိရမယ်။ #အသားဖြူချင်ရင်အသားဖြူဆေးကိုလိမ်းခွင့်ရှိရမယ်လို့ ဆိုလာကြပါတယ်။

▪️အခုလို Black Lives Matter ဆိုပြီး အသားဖြူဆေးသုံးသူတွေကို အပြစ်မြင်တာမျိုးဟာ မဖြစ်သင့်ဘူးလို့ ကျနော်လည်းထင်ပါတယ်။

▪️အသားဖြူဆေးအချို့ဟာ လူအတွက်ထိခိုက်တာတော့ရှိပါတယ်။ ဒီအကြောင်းကို Covid ပြီးရင်ရေးဖို့စဉ်းစားထားပါတယ်။

🦋 ဘာပဲဖြစ်ဖြစ် လိပ်ပြာတောင်ပံခတ်သံဟာ တော်တော်ပြင်းပါတယ်။ Butterfly affect နဲ့ အမေရိကန်က လူမည်းအမျိုးဂျော့ဖလွိုက် သေဆုံးမှုရဲ့ဂယက်ဟာ ကမ္ဘာအနှံ့အတော့်ကို ပြန့်နှံ့ရိုက်ခတ်သွားခဲ့ပါတယ်။

မနှစ်က အသားဖြူဆေး တန်ပေါင်း 6300 ရောင်းချခဲ့ရတယ်လို့ Euromonitor ကဆိုပါတယ်။ တစ်ဗူးကို 40 ဂရမ်နဲ့သာတွက်ရင် ဗူးသန်းပေါင်းများစွာ ရောင်းခဲ့ရတာပါ။

အခုတော့ Johnson & Johnson’s က သူ့ဆုံးဖြတ်ချက်နဲ့သူ အသားဖြူဆေးကို အာရှနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ မရောင်းတော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ကျန် Unilever ရဲ့ Fair & Lovely တို့၊ Procter & Gamble ရဲ့ Olay တို့၊ L’Oreal ရဲ့ Garnier တို့က ဘာဆက်လုပ်မလဲမသိရသေးပါ။

ကျနော့် အမြင်က လူ့ကိုယ်ခန္ဓာကို ဆိုးဝါးစွာမထိခိုက်သ၍ အသားဖြူဆေးနဲ့ ပတ်သက်လို့ ဝေဖန်စရာမရှိပါ။ လူမျိုးရေးခွဲခြားမှုလို့ Black Lives Matter နဲ့တွဲမြင်တာကို လုံးဝလက်မခံပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
22-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •