Case–1023သည် ကျောက်ကပ်ပျက်စီးခြင်းနှင့် နှလုံးဖောက်ခြင်းကြောင့် ၃-၉-၂၀၂၀ရက်နေ့၊ည၁၀:၃၀နာရီတွင် သေဆုံးကြောင်းအတည်ပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အတည်ပြုလူနာ Case–1023သည် ကျောက်ကပ်ပျက်စီးခြင်းနှင့် နှလုံးအမောဖောက်ခြင်းကြောင့်၃-၉-၂၀၂၀ရက်နေ့၊ည၁၀:၃၀နာရီတွင် သေဆုံးကြောင်းအတည်ပြု

COVID-19 ရောဂါ အတည်ပြုလူနာသစ် (၂၂)ဦး တွေ့ရှိ
[မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၃၃)ဦး ရှိပြီ]

(၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၃၂၇) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၄၀) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦးတွေ့ရှိပါသည်။

 

(၄-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၃၃)ဦး ရှိပြီဖြစ်ပါသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် အရေပြားလေးဖက်နာရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case – 1023) သည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် (၃-၉-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်တွင် သေဆုံးသွားပါသည်။

 

သို့ဖြစ်ရာ (၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ (၇)ဦးရှိပြီဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •