Case-245 နှင့် ထိတွေ့ခဲ့သည့် လမ်းလုပ်သား မိသားစုများအား ကန့်သတ်စောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာများရယူ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Case-245 နှင့် ထိတွေ့ခဲ့သည့် လမ်းလုပ်သား မိသားစုများအား ကန့်သတ်စောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာများရယူ

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသွားအလာကန့်သတ်ထားရှိသူ ဓာတ်ခွဲအတည်ပြုလူနာ Case-245 နှင့် ကားအတူစီးနင်း လိုက်ပါခဲ့ကြသည့် ကျောက်ပန်းတောင်းမြို့နယ်၊ သီးကုန်းကျေးရွာမှလမ်းလုပ်သားမိသားစုဝင်များနှင့် ၎င်းရွာသို့ရောက်ရှိနေသည့် ဧည့်မိသားစုများအား ဇွန်လ(၁၀)ရက်နေ့မှစ၍ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်းရှိ Community Quarantity တွင် အသွားအလာကန့်သတ်ထားရှိပြီး ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ဓာတ်ခွဲနမူနာပေးပို့ သွားမည်ဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၉.၆.၂၀၂၀)ရက်နေ့၊ ည(၈)နာရီသတင်းထုတ်ပြန်ချက်အရ၊ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသွားအလာကန့်သတ်ထားရှိသူ ဓာတ်ခွဲအတည်ပြုလူနာ Case-245 သည် ၎င်းအလုပ်လုပ်ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြစ်စုံဒေသမှ (၂၁.၅.၂၀၂၀)ရက်နေ့တွင် ယာဉ်အမှတ်(4M/—)ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ပြန်လာခဲ့ကြောင်းသိရပြီး၊ အဆိုပါကားနှင့်အတူ စီးနင်းလိုက်ပါလာသော ခရီးသည်(၂၉)ဦးသည် မန္တလေးတိုင်း ဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်၊သီးကုန်းကျေးရွာမှ လမ်းလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း သိရသဖြင့်(၁၀.၆.၂၀၂၀) ရက်နေ့တွင် ကျောက် ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ Community Quarantity တွင်အသွား အလာ ကန့်သတ်ထားရှိခဲ့ကြောင်းနှင့် အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာနှင့်အတူ အသွားအလာကန့်သတ်ထားသော လူနာ၏မိခင် သည်၊ ၎င်း၏ဆွေမျိုးများ(စုစုပေါင်း ၁၄ဦး)နှင့်အတူ(၈.၆.၂၀၂၀)ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်သီးကုန်းကျေးရွာသို့ ရောက်ရှိနေကြောင်းသိရသဖြင့် (၁၀.၆.၂၀၂၀)ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ Community Quarantity သို့ခေါ်ယူ၍ အသွားအလာကန့်သတ်ထားရှိခဲ့ကြောင်းသိရသည်။ အဆိုပါအသွားအလာ ကန့်သတ်ထား ရှိသူ ကလေး(၉)ဦးအပါအဝင် ကျား(၂၂)ဦးနှင့်မ(၂၁)ဦး စုစုပေါင်း (၄၃)ဦးတို့၏ အာခေါင်တို့ဖတ်နှင့်နှာခေါင်း တို့ဖတ်နမူနာများရယူ၍ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရပြီး၊ ၎င်းတို့အား ကျန်းမာရေးစစ်ဆေးခြင်းနှင့်လိုအပ်သည်များကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

 

နေအောင်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •